Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(17 )
"စိတ်ပျော်နေတာလား"
"အမ် ? ငါလား ? "
"အင်း"
"နဲနဲတော့ပျော်နေတယ်လို့ပြောရမယ် "
"ဘာဖြစ်လို့လဲ"
"အမ် ..... ဝူလင်းယန် ငါနင့်ကိုပြောမယ် ငါ မကြာခင်မှာ စင်ဂယ်ခွေးဘဝကလွတ်တော့မယ်"
ဝူလင်းယန် သူ့လက်ထဲက ဇွန်းနဲ့ဓားပြုတ်ကျသွားတာကိုတောင်မသိတော့ဘူး
သူ့ပါးစပ်ထဲက အစားအစားတွေတောင်မှ အရသာမရှိတော့သလိုပဲ
"ချစ်တဲ့သူေတွ့သွားပြီလား "
သူ မေးလိုက်ပေမဲ့ မဟုတ်ပါစေနဲ့လို့ပဲ အကြိမ်ကြိမ်ဆုတောင်းနေမိတယ်
"အခုတော့ မဟုတ်သေးဘူး ဒါပေမဲ့ မကြာခင်ဖြစ်လာတော့မှာ "
သေမိန့်ချလိုက်ရတဲ့သူလိုပဲ
ဆုံးရှုံးလိုက်ရဖို့အသင့်ပြင်ထားပေမဲ့ တကယ်တမ်းကြုံလာတဲ့အခါကျ ရင်နဲ့မမျှအောင် မချိမဆန့်ပါပဲ
"သူ့ကိုချစ်လို့လား"
"ငါရင်ခုန်နေတယ် ငါ့ရင်ခုန်သံနောက်ကိုပဲလိုက်တော့မယ် "
ရင်ခုန်သံနောက်လိုက်တယ်တဲ့လား
သူလဲ ဘာစည်းမှထားမနေပဲ တွေးမနေပဲ ရင်ခုန်သံနောက်ကိုလိုက်ချင်လိုက်တာ
"Congratulations ပါယှမျယှမျ "
"အင်း thanks you "
ဝူလင်းယန် သူမကိုငေးကြည့်နေမိတယ်
မကြာခင်မှာ သူမကို တခြားတစ်ယောက်က ဖက်တော့မယ် နမ်းတော့မယ် တွေးလိုက်ရုံနဲ့တင် သူ့အသည်းနှလုံးတွေပါမက အူတွေပါချဉ်တူးလာတယ်လို့ခံစားရတယ်
သူမနားဆက်ပြီးဟန်မဆောင်နိုင်တော့တာနဲ့ သူရေသောက်ချင်တာကိုအကြောင်းပြပြီးလှည့်ထွက်လာခဲ့တယ်
နောက်လှည့်လိုက်တာနဲ့ မရမက ပင့်တင့်ထားတဲ့ နှုတ်ခမ်းထောင့်စွန်းတွေကကုတ်ကျသွားပြီး မျက်ရည်တွေကရေခပ်နေတဲ့လက်ဖမိုးပေါ် တပေါက်ပေါက်နဲ့ပြုတ်ကျသွားခဲ့တယ်

ESTÁS LEYENDO
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasíaသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...