Ep 14

2.6K 188 43
                                    

Ep 14

Uni + Zaw

Uni

" လွမ်းဏီ "

" ဗျာ "

" ဒီနေ့ရာသီဥတုသာယာတယ်။ကိုယ်တို့အပြင်ထွက်လမ်းလျှောက်ရအောင် "

" ကျွန်တော် အဖိုးကို ကူလုပ်ပေးစရာတွေရှိသေးတယ် "

ပြောမိပြောရာပြောလိုက်ပြီးမှ သခင်ကြီးကိုလွန်ဆန်မိသွားလေသလား။ကြောက်ကြောက်ရွံ့ရွံ့နဲ့ကြည့်လိုက်မိသည်။

" ရတယ်။ကိုယ်ကျွန်းအိုကိုပြောလိုက်မယ် "

သို့ပေမဲ့ သခင်ကြီးသည် အေးဆေးစွာပင်ပြန်ပြောလာသည်။

ညကတည်းကထူးဆန်းနေသော သခင်ကြီးသည် ယခုမနက်လည်းထူးဆန်းနေဆဲပင်။ထိုအထဲမှဒေါင်းလွမ်းဏီမယုံနိုင်လောက်အောင် အံ့သြဆုံးအရာကတော့ သူ့ခြေထောက်တစ်ဖက်မှ သံခြေချင်းကို သခင်ကြီးသည် ကြည်ကြည်ဖြူဖြူဖြုတ်ပေးခြင်းဖြစ်သည်။

" ခြံထဲမှာလမ်းလျှောက်တုန်းတော့ လွတ်လွတ်လပ်လပ်လျှောက်ပါ "

ဟူ၍ပင်ပြောသေးသည်။ခြေချင်းဝတ်တစ်ဖက်ရှိ ခတ်နှောင်ထားသော သံကြိုးအားဖယ်လိုက်ချိန် ဒေါင်းလွမ်းဏီရင်ထဲတွင်လှိုက်ခနဲ။အချိန်နှင့်အမျှ စက္ကန့်မလပ်သူ့အား စံအိမ်ကြီးကနေ မလွတ်မြောက်နိုင်ဘူး ဟုခြိမ်းခြောက် ကျိန်ဆဲနေသော ထိုသံခြေချင်း။၎င်းအားဖယ်လိုက်ချိန် ဒေါင်းလွမ်းဏီခြေချင်းဝတ်တွင် အညိုမဲစွဲကျန်၏။

လပေါင်းများစွာကြာ သံထည်နှင့်ခြေထောက်အရေပြားတို့ပွတ်တိုက်မှုကြောင့်ဖြစ်မည်။တချို့နေရာတွင် အနာဖြစ်ပြီးသွေးစို့နေ၏။သို့ပေမဲ့ ပေါ့ပါးသွားမှုက နှလုံးသားကိုပြင်းထန်စွာခုန်ပေါက်လှုပ်ရှားစေသည်။

မိုးရွာထားသောမြေသင်းနံ့ကမွှေး၏။မနက်ခင်းနေရောင်ခြည်ကနွေး၏။ပတ်ဝန်းကျင်တစ်ခုလုံးစိမ်းစိုနေသည်။ဖြေးညှင်းစွာတိုက်ခတ်နေသော လေနုအေးသည်လတ်ဆတ်နေ၏။သခင်ကြီးနှင့်ဒေါင်းလွမ်းဏီသည် သာယာလှပသော မနက်ခင်းတွင်အတူလမ်းလျှောက်လာကြသည်။ဒေါင်းလွမ်းဏီသည် သခင်ကြီး၏နောက်မတိမ်းမယိမ်းတွင် ထပ်ကြပ်မကွာလိုက်လာသည်။မိုးရွာထားသောမြေစိုစိုပေါ်တွင် နှစ်ယောက်စလုံးအနည်းငယ်တော့ သတိထားလျှောက်ကြရသည်။

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now