Unicode
"ဟုတ်ပါပြီ ခင်ဗျ၊ကျောနံပါတ် 4ဆွဲလာပါတယ်။ ဘယ်ကိုလှိမ့်ပါတယ်။ ကျောနံပါတ် 9ကိုလှမ်းပေးပါတယ်၊ဆွဲတယ်။ အရှေ့ကို ကန်တင်တယ်။ Goal!တယ်...ခင်ဗျာ!!"
"ဝိုး...ဖြောင်း..ဖြောင်း"
"ဒုတိယပိုင်းရဲ့ ပွဲကစားချိန် 44မိနစ်အကြာ1မိနစ်အလိုမှာ ကျောနံပါတ်9 ခန့်ဝေလင်းယံရဲ့ အကောင်းဆုံး ကန်ချက်နဲ့အတူ 4:3နဲ့ အနိုင်ရရှိသွားပါတယ်ခင်ဗျာ။ ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ ဒီကနေ့ရဲ့ပွဲစဥ်ကတော့ ဒီမှာပဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်ခင်ဗျာ"
ဘောလုံးကွင်းကျယ်ကြီးထဲက အားပေးသံတွေနှင့်အတူ ကစားသမားအချင်းချင်းပွေ့ဖက်ကြပြီး ကွင်းပြင်ကို ပြန်ထွက်လာခဲ့တဲ့ ဘောလုံးသမား 10ယောက်အနက် ကျောနံပါတ်9ကတော့ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရပ်တည်နေခဲ့ပါသည်။
ရှည်လျားတဲ့အရပ်ကြီးကလည်း Grand DNK Myanmar Football Club ထဲမှာ အထင်ရှားဆုံးဖြစ်ပြီး ကြည့်ကောင်းလွန်းတဲ့ရုပ်ရည်ကြောင့် ပျိုမဒီတွေရဲ့ အသည်းနှလုံးကိုပါ အပိုင်ရထားပြီးသားဖြစ်လေသည်။
"ခန့်ကြီး ကွန်ဒိုပဲ တန်းပြန်မှာလား"
"ငါတို့ ကန်ရမယ့် ပွဲစဥ်ရှိသေးလား"
"မရှိတော့ဘူး အေးဆေးနားလို့ရပြီ"
ခန့်ဝေလင်းယံတို့အသင်းထဲမှ အငယ်ဆုံးဖြစ်တဲ့ စိုင်းခန့်မော်ဆိုတဲ့ ရှမ်းတိုင်းရင်းသားလေးရဲ့ အပြောကို ခန့်ဝေလင်းယံက ခေါင်းညိမ့်ပြရင်း ချွတ်လက်စ ဖိနပ်ကို ပြီးအောင်ချွတ်လိုက်သည်။ ပြီးနောက် ဝတ်ထားသည့် အခဲရောင်ဘောလုံးအင်္ကျီကို ဆွဲချွတ်လိုက်ပြီး ရေချိုးခန်းဆီ ဝင်သွားလိုက်သည်။
ရေချိုးခန်းက ကစားသမားတွေ အကုန်ချိုးရ အဆင်ပြေစေရန် ပြုလုပ်ပေးထားပြီး အခန်းပေါင်း (၂၀)ကျော်ရှိသည်။နံပါတ်စဥ် (၁)ကနေ(၁၂)ထိကို ပြင်ပက တံခါးပေါ်တွင် အစဥ်လိုက်ရေးထားပြီး ကျန်နေတဲ့အခန်းတွေကို အလွတ်ထားပေးထားသည်။ခန့်ဝေလင်းယံ ကတော့ နံပါတ်(9)ဖြစ်တာကြောင့် အခန်း(9)ထဲကိုဝင်သွားလိုက်သည်။
YOU ARE READING
ချစ်လိပ်ပြာလေး ဝဲလှည့်ပါ