အပိုင်း၃၃(Unicode)

198 4 3
                                    

လွမ်းနိုးလာတော့ မနေ့ညကအတိုင်း လူကိုနည်းနည်းလေးတောင်လှုပ်မရအောင် ခါးကနေတင်းကြပ်စွာ ဖတ်၍အိပ်နေသော မောင်ပင်။အိပ်ပျော်နေတဲ့သူမျက်နှာကို မော့ကြည်မိတော့ မနေ့ညက ဖြစ်သွားတဲ့ပြသာနာတွေထဲကနေ လူကိုချစ်နေတာကို ဖွင့်ပြောသော လူဆိုးကောင်လေးအကြောင်း တွေးမိတော့ လွမ်း ပြုံးမိရသလို ဒီကောင်လေးကို သူပိုင်ဆိုင်ခွင့်ရခဲ့တယ်ဆိုတာ ခုထိမယုံကြည်နိုင်သေးသလိုဖြစ်နေလေ၏။

"မောင်ကို ချစ်တယ်"

တိုးတိုးဖွဖွလေးပြောပြီးနောက် မောင်ရဲ့မေးဖျားလေးကို နမ်းရှိုက်မိလိုက်သည်။အိပ်နေတဲ့လူကို မသိအောင်အနမ်းပေးရတာ ပိုရင်ခုန်စရာကောင်းသလိုပင်။

"အိပ်နေတဲ့သူကို ခိုးနမ်းရတာ ဘယ်လိုလဲ လွမ်း"

"ဟင်"

ပြုံးစိစိမျက်နှာထားဖြင့် လူကို ကြည့်၍ပြောလာသောသူကြောင့် လွမ်း တစ်ယောက် မျက်နှာကို ဘယ်ထားရမလဲမသိပေ။

"ဟေ့ အဲ့တာ ဘယ်ပုန်းမလို့လဲ"

သူ့ရင်ခွင်ထဲကိုဇွတ်အတင်းတိုးဝင်ကာ မျက်နှာမမြင်ရအောင် ဖွက်နေတဲ့ လွမ်းကို မေးမိတော့။

"ရှက်လို့"

ဆိုတဲ့အသံတိုးတိုးလေးထွက်လာလေတော့ ညာဘက်ပါးချိုင့်ပေါ်အောင်ပြုံးမိသူက နက်ကိုယ်တိုင်ပင်။တစ်နေ့တစ်နေ့ ပိုပိုချစ်အောင်လုပ်နေတဲ့ လွမ်းဟိန်းထက်မှူးတို့ကတော့ သူမဟုတ်သလိုရင်ခွင်ထဲပုန်းနေလေရဲ့။

"မျက်နှာကြီး မောင်ရင်ခွင်ထဲ အတင်းတိုးဝင်နေတော့မှလား အသက်ရှုတွေကြပ်ကုန်မယ် မောင်ကို ရှက်နေတဲ့ မျက်နှာလေးပြပါအုံး"

"မောင်နော် ဖယ်"

"အာ့"

"မောင် ဘာဖြစ်တာလဲ"

မောင်ရဲ့ညည်းညူအသံကြောင့် မေးမိတော့ ဘာမှမဖြစ်သလိုပြုံးကာ မျက်နှာကိုကြည့်လာသော မောင်။

"ဘာမှမဖြစ်ပါဘူး"

"မောင် တစ်ခုခုဖြစ်လို့ ညည်းလိုက်တာ ငါ့သိတယ်"

"ဘာမှမဖြစ်ပါဘူး မောင်အချစ်ရဲ့"

"ဘာမှမဖြစ်တာဖြစ်တာ နောက်ထား ခု မင်းတင်းကြပ်စွာ ဖတ်ထားတဲ့ ငါခါးပေါ်ကလက်ကို ဖယ် မင်းခန္ဓာကိုယ်ကို ကြည့်ရအောင်လို့"

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ