အချစ်ကကြမ်းတယ်
အပိုင်း၃
ကျွန်တော် ရှေ့သို့ တစ်လှမ်းတိုးလာသည်နှင့် နောက်သို့ တစ်လှမ်းဆုတ်သွားတဲ့ သူမ နောက်ဆုံးမှာ သူမကျောပြင်နဲ့ တံခါးတို့ဖိကပ်သွားသည် အထိပင် ။
"""ရှ••••ရှင်
ရှင် ရှေ့ကိုတိုးမလာနဲ့နော် ၊
ကျွန်မတကယ် အော်လိုက်မှာ """သူမရင်ဘတ်အစုံက နှိမ့်ချည်မြင့်ချည်နဲ့ စိတ်လူပ်ရှားကာလေသံတွေကလည်း တုန်ရီနေကာ ကြောက်နေမှန်း သိသာစေလို့ ၊ ကျွန်တော် ချက်ချင်းဆိုသလိုပဲ ။
"""မင်းကအော်မှာ ၊
အော်လေ••••အော်ပေါ့ ။
ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ငါ့အခုရောက်နေတာ
မင်းအိမ်က မင်းအခန်းထဲမှာနော်
တကယ်လိုများ မင်းအော်လိုက်လို့ လူတွေ ရောက်လာရင်
ငါကရှင်းပြလိုက်ယုံပဲ မင်းမြူစွယ်ဖျားယောင်းပြီး ခေါ်လို့
ကျွန်တော် ဒီကိုရောက်နေတာပါလို့ ပြောလိုက်ရင် ၊
သွားပြီး •••မင်းနဲ့ မင်းအမေတော့ """""""ဖြန်း •••။
လူယုတ်မာ ၊ လူရမ်းကား ၊ လူမိုက်ရဲ့
ရှင်ကသိပ်ကို မုန်းဖို့ကောင်းပြီး ရွံစရာ ကောင်းတဲ့လူ """"""မင်း """
မိန်းမတစ်ယောက်ဆီက တစ်ခါမှပါးအရိုက်မခံရဖူးလို့ပဲလား
ကျွန်တော် ပါးကို ရိုက်တဲ့လူက ရမ္မက်မေ ဖြစ်နေလို့ပဲလားတော့ မသိချေ ၊ ယောင်္ကျားချင်း လက်သီးယှဥ်ထိုးတာထက် ပိုနာကျင် ရသည်။"""ရှင်
ရှေ့ဆက်တိုးဖို့ မစဥ်းစားနဲ့နော်
ရမ္မက်မေဆိုတဲ့ မိနိးမက ယောင်္ကျားတစ်ယောက်ဆီမှာ
လွယ်လွယ်နဲ့ အညံခံမဲ့ မိန်းမမျိုး မဟုတ်ဖူး ။
ဒီမှာမြင်လား !
ရှေ့ဆက်တိုးလာတာနဲ့ ဒီကတ်ကြေးနဲ့
ကျွန်မကိုယ် ကျွန်မ ထိုးပြီး အရှက်ကို အသက်နဲ့ လှဲပစ်
လိုက်မှာ """စားပွဲပေါ်က ပိတ်စညှပ်တဲ့ ကတ်ကြေးတစ်လက်ကို ယူကာ သူမလည်ပင်ကို ထိုးဖို့ ချိန်းရွယ်ထားတဲ့ သူမကြောင့်။
"""မင်း •••မလုပ် """
"""ရှင် ရှေ့တိုးမလာနဲ့နော် ။
အခုထွက်သွား ၊ မဟုတ်ရင် ••• """
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။