Part 7

2.3K 43 0
                                    

အချစ်ကကြမ်းတယ်

အပိုင်း၇

မနေ့ညက အကြောင်းအရာတွေ ပြန်မစဥ်းစားချင်လောက်အောင်ကို ရှက်ရွံမိသည်။ မိန်းမတစ်ယောက်အပေါ် နူးညံညင်သာရမှန်း မသိပဲ ၊ အမှားအမှန်ကို ဝေဖန်မခွဲခြားတတ်ပဲ ထစ်ခနဲ့ရှိ စိတ်ဆိုး ၊ ဒေါသထွက်ပြီး လက်ပါဖို့ပဲ စဥ်းစားတတ်တဲ့ ခက်ညံညံ ယောင်္ကျားတစ်ယောက် ။ ရှင်လိုလူ ကို ကျွန်မတစ်နေ့တစ်ခြား ပိုပိုပြီး ရွံရှာမိသည်။

"""သမီး ရမ္မက်
မေမေဝင်လာမယ်နော် """

"""ဟုတ် မေမေ """

ရမ္မက် ကျလုဆဲဆဲဖြစ်နေတဲ့ မျက်ရည်စတွေကို ချက်ချင်းပဲ သုတ်လိုက်လေပြီး ။

"""ရမ္မက် သမီးလေး
နေမကောင်းဘူးလားကွယ် ၊ အခန်းထဲကလည်း မထွက်ဘူး"""

အိပ်နေတဲ့ သမီးဖြစ်သူရဲ့ နဖူးကို အသာအယာစမ်းကြည့်လိုက်ရင်းဖြင့် ။

""""ဒုက္ခပါပဲ •••သမီးရယ်
ကိုယ်တွေပူနေတယ် ၊ ဖျားနေတာ မေမေကို
ဘာလို့မပြောတာလဲ ရမ္မက်ရယ် ။ ကလေးလည်း မဟုတ်ပဲနဲ့"""

"""အရမ်းကြီး မဖျားလို့ မေမေကိုမပြောတာပါ။
ရမ္မက် ဆေးသောက်ထားပြီးပါပြီ """

"""ဟယ် •••ကြည့်စမ်း ။
လည်ပင်မှာ ကိုက်ရာတွေ ၊
မေမေကို သေချာပြကြည့်စမ်း """

သွားပြီ ။ မေမေ ပုဏ္ဏဂ အတင်းနမ်းပြီး ကိုက်ရာပေးခဲ့တာတွေကို မြင်သွားပြီး ၊ မေမေကို မမြင်စေချင်လို့မှ တမင် လည်ပင် အရှည်ပါတဲ့ အင်္ကျီကို ဝတ်ထားပြီး မာဖလာလည်း ပတ်ထားပြီး ရှောင်နေတာကို မြင်ဖြစ်အောင်မြင်သွားတဲ့ မေမေကြောင့် ရမ္မက်မှာ အထိပ်တစ်လန့် ။

"""လည်ပင်မှာရော ၊ ရင်ညွှန့်မှာရော ကိုက်ရာတွေ ၊
စုန်းကိုက်တာလည်း ၊ ဓာတ်မတည့်တာလား သမီး ။
မေမေကို ပြောစမ်း """

"""ဟို•••ဟိုလေ ။
မနေ့ညက ဆရာကိုကောင်းမြတ်ကို ထမင်းချိုင့်ပို့ပြီး
အပြန်မှာ """

ရမ္မက် ဘာဆက်ပြောရမှန်း မသိချေ ။ တစ်လောကလုံးမှာ ရမ္မက်အတွက် ဘုရားလို ကိုးကွယ်ရတယ် မေမေကို ရမ္မက်မလိမ်ချင် ၊ ပုဏ္ဏဂ ကြောင့်လို့လဲ ရမ္မက်မပြောချင်လို့ ၊ အကြောင်းပြချက်ကို အပြေးအလွှားရှာနေမိသည်။

အချစ်က ကြမ်းတယ်Where stories live. Discover now