အချစ်ကကြမ်းတယ်
အပိုင်း၁၃
"""ရွှေရည် မင်းဆက် """
သူမ ကျွန်တော်အား တမင်ရှောင်နေသည် ။ Night Club မှာ ပြသာနာဖြစ်တဲ့ နေ့ကတည်းက ကျောင်းမှာလည်း အတွေ့မခံ ၊ အိမ်လိုက်သွားရင်လည်း ထွက်မတွေ့ဘဲ အိမ်အကူတွေအား မရှိဘူးဟု ညာပြောခိုင်းလေသည်။
ကျွန်တော်မှားခဲ့ပါတယ် ။ သူမ အပေါ် ဒီလို အနိုင်မကျင့်
သင့်မှန်း သိပေမဲ့ အယ်ဂိုဟောနဲ့ မတည့်တဲ့ ကျွန်တော်က အရက်ကလည်း နဲနဲဝင်တာနဲ့ သွေးဆိုးသည် ။ အဲ့ ညကလည်း သူငယ်ချင်းတွေ ခေါ်လို့ Club ရောက်လာပြီး အရက်အနဲငယ်သောက်ထားတဲ့ အရှိန်ရယ် ၊ သူမရဲ့ သူစိမ်းဆန်မူတွေရယ်ကြောင့် အခုလိုတွေ ဖြစ်ကုန်တော့တာပါပဲ ။"""ရွှေရည်ရယ် မင်းသိပ်ရက်စက်တယ် ။
ကိုယ့် အချစ်တွေကို မင်းမမြင်တာလား ၊ တကယ်ပဲ
မမြင်ချင်ယောင် ဆောင်နေတာလား ။ ဒီကမ္ဘာမှာ
ကိုယ့်လောက် မင်းအပေါ် ချစ်မဲ့သူ မရှိဘူးကွ """မကိုင်မှန်း သိရက်နဲ့ ဖုန်းတွေ ဆက်တိုက် ခေါ်ကာ SMS တွေ တောက်လျှောက် ပို့နေမိတဲ့ ကျွန်တော် ။ မင်း ရက်စက်တယ် ရွှေရည် •••မင်း သိပ်ကို ရက်စက်တယ် ။
မင်း ပြောသမျှ
မင်း လုပ်သမျှ ၊ မင်း အနိုင်ကျင့်သမျှကို ယောင်္ကျား သိက္ခာ မငဲ့ပဲ မင်းကြိုးဆွဲရာကို ကနေတဲ့ ငါ့က နွားမဟုတ်ဘူး။
မင်း ဖြစ်နေလို့ကို အရာရာ အရှုံးပေးထားတာ ။"""ဒီနေ့တော့ မင်းကို ကိုယ့် အမိဖမ်းပြမယ် """
မနက်မိုးလင်း ကတည်းက သူမအိမ်ရှေ့ အကွယ်မှာ ကားတစ်စီးဖြင့် ရောက်နေတဲ့ နေရောင် ၊ ဒီနေ့က Sun day မို့
သူမ အပြင်ထွက်မှာ ကျိန်းသေ သည်။ အချိန်ကောင်းကို စောင့်ပြီး သူမ အား တွေ့ပြီး ဖြစ်ခဲ့တာတွေ တောင်းပန်ဖို့
စဥ်း စားထားသည် ။"""တီ •••တီ """
ကျွန်တော် ခန့်မှန်းထားသည့် အတိုင်းပင် သူမ ကားတစ်စီးနဲ့ ခြံထဲက ကားမောင်း ထွက်လာလို့ သူမကား နောက်ကွယ်ကနေ ကျွန်တော်ကားအား မောင်းထွက်လာပြီး သူမနောက်သို့ နောက်ယောင်ခံလိုက်ခဲ့သည်။
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။