အချစ်က ကြမ်းတယ်
အပိုင်း (၁၆ )
အခန်းထဲကို အကိုရာဇ ရောက်လာတော့ ပုဏ္ဏဂမရှိတော့
ချေ ။ ကျွန်မရဲ့ မျက်ရည်တွေကို မြင်တော့မှ ဘာတစ်ခုမှ
မလုပ်ပဲ ထွက်သွားလေသည် ။"""ရမ္မက်ရယ်
ဘာဖြစ်တာလဲ ဖုန်းထဲက စကားသံက မကြားတစ်ချက်
ကြားတစ်ချက်နဲ့မို့ အကိုမှာ စိတ်ပူသွားတာပဲ """အခန်းတွင်းကို ကြည့်လိုက်တော့ အခန်းတစ်ခုလုံး ရှုပ်ရှက်ခက်ကာ ပစ္စည်းတွေ ပြန့်ကျဲနေသည်။ ဗီယိုထဲက အဝတ်တွေကလည်း ခရီးဆောင် အိတ်အတွင်းသို့ ပြောင်းရွေ့ထည့်လက်စနဲ့ မို့•••။
"""ရမ္မက် ဘာဖြစ်တာလည်း •••ဒါတွေက """
"""ဟို•••ဟိုလေ
ရမ္မက် အစကတော့ မနက်မှပဲ အသိပေးမယ်လုပ်ထားတာ။
စစ်ကိုင်းက ဖွားသီလရှင်ကြီး ဖုန်းဆက်တယ်
မေမေ နေမကောင်းဘူး ဆိုလို••• ရမ္မက်
စစ်ကိုင်းကိုလိုက်သွားမလို့ """မေမေ နေမကောင်းတာ မှန်ပေမဲ့ အရမ်းကြီးစိုးရိမ်စရာတော့ မရှိချေ ။ ရမ္မက် ကိုယ်တိုင်က ဒီပတ်ဝန်ကျင်နဲ့ ဒီလူတွေကြားမှာ ဆက်မနေချင်တော့တာမို့ မေမေဆီ ပြန်မယ်ဟု တမင် အကြောင်းပြနေခြင်းဖြစ်သည်။
"""အဲ့ဒါဆို အကိုပါ လိုက်ခဲ့မယ်လေ
ရမ္မက် တစ်ယောက်ထဲကြ ကလေးနှစ်ယောက်နဲ့
ဘယ်အဆင်ပြေပါ့မလဲ •••""""""မလိုပါဘူး •••အကို
အကိုလိုက်ရင် ဒီမင်္ဂလာဆောင် ဘယ်လိုလုပ်မလဲ။
ရမ္မက်က မင်္ဂလာဆောင်အတွက် လိုအပ်တာ အားလုံး
မနေ့ကတည်းကအကုန်လုပ်ပြီးသွားပြီ တကယ်လို့ လိုအပ်တာရှိရင်လည်း ပြန်ပြင်လို့ ရအောင် ဆိုင်ကမန်နေဂျာကိုထားခဲ့ပေးထားတယ် """""""ရမ္မက်•••"""
ကလေးနှစ်ယောက်နဲ့ သူမ အတွက် ကျွန်တော် စိတ်ပူမိတယ် ။ သူမက ကွာရှင်းထားတဲ့ ခင်ပွန်းဟောင်း ၊ သက်ဆိုင်သူရှိတဲ့ ယောင်္ကျား တစ်ယောက်ဆီက ဘာအကူညီမှ မယူချင်မှန်း
သိနေလို့ ကျွန်တော် ဆက်မပြောတော့ပေ ။"""စိတ်မပူပါနဲ့ အကိုရယ်
ကလေးတွေက အရွယ်ရောက်တော့ ရမ္မက်
အားကိုးလို့ရနေပါပြီ ။ အကိုသာ ကျန်မာရေး ဂရုစိုက်
အချိန်အနှောင်းခင်မှာ နှလုံးသားက ပြောတဲ့ စကားကို
သေချာလေး နားထောင်ကြည့် •••။
ရမ္မက် အကိုရာဇကို မိသားစုလေးနဲ့ ပျော်နေတာ
မြင်ချင်လို့ပါ """
YOU ARE READING
အချစ်က ကြမ်းတယ်
Romanceမြို့တစ်ခုမှာ အမှတ်မထင်စုံပြီး မှားယွင်းခဲ့ကြတဲ့ သူတို့ နှစ်အတော်ကြာလို့ ပြန်တွေ့ချိန်မှာ သူမဟာ ကျနော့်သူငယ်ချင်းရဲ့ ဇနီး ကလေးအမြွှာလေးတွေရဲ့ အမေ အဖြစ်နဲ့ပေါ့ •••။