Part 1

14.1K 141 7
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၁

ခွပ်ခနဲ့မြည်းအောင်ခေါင်းကိုသစ်သားဒုတ်ဖြင့် အားနဲ့လွှဲရိုက်လိုက်လေကာ
"""မှတ်ထားလိုက်။
စစ်သွေးနီဆိုတဲ့ ငါ့ကဘယ်သူမှမကြောက်လို့ မင်းတို့ပိုင်နက်ထဲကို တယောက်ထဲလာတာကွl ဇမရှိဘဲနဲ့စိန်လာမခေါ်နဲ့ အားလုံးမသာပေါ်ကုန်မယ်။ """
ကားပြိုင်မောင်းရင်းဖြစ်တဲ့ပြသာနာကို မကျေပွဲနွှဲ့နေလေခြင်းဖြစ်သည်။

"""စစ်သွေးနီ•••မင်•••မင်းမှတ်ထားလိုက်အုန်းပေါ့ကွာ။"""
ကိုယ်တွေဘက်ကလူအားလုံးမြေပေါ်ပုံကြနေပါသော်လည်း အပြောကတော့မလျော့ချေ။

"""ဘာလဲမင်းကထပ်ဆွဲချင်သေးလို့လား။
မင်းအကောင်တွေ ဘယ်နှစ်ယောက်ရှိသေးလဲlရှိရင်ထပ်ခေါ်လိုက်အုန်း ရသေးတယ် """
သစ်သားဒုတ်ကိုကျစ်နေအောင်ကိုင်ထားပြီး စိန်ခေါ်နေလေသည်။

ခွပ်!
လက်ထဲက သစ်သားဒုတ်ဖြင့် စစ်သွေးနီကိုယ့်ခေါင်းကို ရိုက်ခွဲပစ်လိုက်လေကာ သွေးများမြင်မကောင်းအောင်ဖြာကျလာလေတော့သည်။
"""မြင်လားကွ။
လုပ်ရဲတာမှသတ္တိမဟုပ်ဘူးlခံရဲတာလဲ သတ္တိဘဲကွ။
ဇရှိမှ လူမိုက်လုပ်ရတာ။ထွီ!မင်းတို့လို သတ္တိလောက်နဲ့တတ်မလာနဲ့ကွ လူမိုက်သိက္ခာကျတယ် """
စစ်သွေးနီဆိုတဲ့ ကောင်လေးကအဲ့လိုလူမျိူးလေးပါ။တဇွတ်ထိုးတစောက်ကန်းလုပ်တတ်ပြီး မှန်တယ်ထင်ရင်နောက်မဆုပ်တတ်တဲ့အကျင့်လေးကြောင့် နေစဉ်နဲ့အမျှရန်ပွဲများနဲ့စီးချင်းထိုးနေရလေသည်။

"""အမေလေး!
ငါ့မြေး•••ငါ့မြေးလေးဘယ်လိုဖြစ်လာရတာလဲကွယ်။ခေါင်းမှာလည်းသွေးတွေနဲ့ပါလား l
ဟဲ့•••မိညိုအခုချက်ချင်းဆရာဝန်ကိုဖုန်းဆက်လိုက်စမ်း။ """
အဖွားဖြစ်သူဒေါ်ရွှေမြိုင် မြေးဖြစ်သူကိုကြည့်ရင်းသဲသဲလူပ်လူပ်နေလေသည်။နေစဉ်နဲ့အမျှ အိမ်ကိုပြန်လာတိုင်းဒဏ်ရာတခုမဟုပ်တခုနဲ့ပြန်လာနေကြမို့ အသာကျနေပေမဲ့ အခုလို့သွေးသံရဲရဲနဲ့မြင်တွေ့လိုက်ရလို့ စိုးရိမ်းလွန်နေလေသည်။

"""မင်းဘာထပ်ပြီးပြသာနာတွေရှာလာပြန်ပြီလဲကွ။
တနေ့တနေ့ပြသာနာမရှာရရင်စားလို့မဝင် အိပ်လို့မပြောဘူးထင်တယ်•••မိဘတွေကိုဘယ်အချိန်ထိ ဒုက္ခပေးနေအုန်းမှာလဲ စစ်သွေးနီ"""

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now