Part 2

5.8K 92 2
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၂

မီးရောင်းစုံများကြား မြို့ပြရဲ့ခေတ်လူငယ်များပီပီကခုန်နေကြတဲ့ လူတွေကြား ကျနော် ဝိုင်တခွက်ကိုရေခဲလေးထည့်ကာ လူပ်ခါရမ်းလိုက်ပြီတရှိူက်မက်မက်မော့ချလိုက်လေပြီးl လက်ထဲမှာ မီးညိုထားတဲ့စီးကရက်ကို တရှိူက်မက်မက်ဖွာလိုက်ရင်းမျက်လုံးထဲ မြသားချယ်ဆိုတဲ့ သူမအပြုံးလေးတွေက ကျနော်ပြန်မြင်ယောင်လာလေတော့ပြန်သည်။

"""ဟျောင့်သားကြီး •••မင်းကကလပ်ထဲလာပြီးမကဘဲ ဘာတွေပြုံးနေတာတုန်းကွ။ မှန်မှန်ပြောစမ်း ဘယ်ဆော်ကို ကြိတ်ပြီးပြစ်မှားနေတာလဲ ။ """
ငယ်ပေါင်းတွေဆိုတော့ မြွေမြွေချင်ခြေမြင်တော့ ဒင်းဘာတွေကြိတ်ကြံနေမှန်းမသိလို့မေးလိုက်လေသည်။

"""ကြိတ်ကြံနေတာတော့ အမှန်ဘဲ။
ဒါပေမဲ့ ၂၁ရာစုထဲကတော့မဟုပ်ဘူး။ အေဒီ၁၉ရာစုလောက်က ရှေးဟောင်းအရုပ်ကလေးကွ။"""
သူငယ်ချင်းဖြစ်သူ ရာဇကို စကားဝှက်ဖြင့် ရင်ခုန်အောင်လုပ်လိုက်လေတော့သည်။

"""အေဒီ၁၉ရာစုကဆိုတော့ စစ်သွေး မင်းဟာက တိုက်ကောကြီးလား ။ ဘယ်လိုဖြစ်တာလဲကွာ မိန်းမဆိုရင် ရေကူးဝတ်စုံလေးနဲ့မှကြည့်ရတာဖီလ်ရှိတယ်ဆို လူကအခုတော့ဘာလဲ ရှေးဟောင်းလေးတွေကို စိတ်ဝင်းစားလို့ပါလား ။ """

"""မင်းတွေ့ချင်ရင်လိုက်ခဲ့ပြမယ်။
နောက်မှမင်းနောင်တရသွားစေရမယ်l မင်းအဲ့ရှေးဟောင်းလေးကို တွေ့မှ စျာန်လျောသွားမယ် ။"""
ယောင်္ကျားလေးသူငယ်ချင်းနှစ်ယောက် ပွင့်လင်းစွာစကားပြောပုံဟာ တခြားသူတွေအတွက်တော့နားထောင်လို့မကောင်းပေမဲ့ အခုခေတ်လူငယ်တွေအတွက်တော့ ဒါဟာယဉ်ကျေးမူတခုဖြစ်လို့နေပြီ။

ပြိုင်ကားလေးကိုမောင်းကုန်မောင်းကာ မြသားချယ်နေတဲ့အဆောင်ရှေ့ရောက်လာခဲ့လေတော့သည်။အဆောင်ရှေ့ရောက်တော့ ကားဟွန်းသံကိုမနားတမ်းတီးလိုက်လေတော့သည်။

တီ••••••••တီ•••••တီ

"""ငါ့ညီတို့ ဧည့်တွေချိန်က ည၈နာရီနောက်ဆုံး အခုတွေ့လိုမရတော့ပါဘူး။အခုချိန်က၁၂ကျော်နေပြီဆိုတော့ အားလုံးအိပ်ကုန်ကြပါပြီ။"""

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now