ရမ္မက်ဆန်သော ချစ်ခြင်းတရား
အပိုင်း၃
မြသားအဆောင်ကိုပြန်လာလိုက်ပြီး ရှိူက်ကြီးတငင်ငိုနေလိုက်လေတော့သည်။ သူပုံစံ သူလုပ်ရပ်တွေကြောင့် မြသားအရှက်ရစေသည်။ နောက်ပြီးလူအများရဲ့လှောင်ပြောင်ကဲ့ရဲ့တဲ့ မျက်လုံးတွေနဲ့လည်းအကြည့်မခံနိုင်တော့ချေ။
"""မုန်းတယ်•••မုန်းတယ် •••ရှင့်ကြီးကိုမြသားမုန်းတယ် """
ကလင်း•••ကလင်းဖုန်းလေဝင်လာလို့ကြည့်လိုက်တော့။
"""ဟင်!
ကိုကိုဆက်တာပါလား။ """
မဖြစ်ဘူး•••မဖြစ်ဘူး ငါ့ငိုနေတာကိုကိုနဲ့မေမေသိလို့မဖြစ်ဘူး ဆိုပြီးပါးပေါ်ကကျနေတဲ့ မျက်ရည်တွေကို ကပျာကယာသုပ်လိုက်ပြီ။"""ဟယ်လို """
"""ညီမလေး•••နေကောင်းရဲ့လား။ နေရတာရောအဆင်ပြေရဲ့လား။ ကျောင်းစာတွေရောလိုက်နိူင်ရဲ့လား ညီမလေး """
"""အားလုံး•••အဆင်ပြေပါတယ် """
အံကြိတ်ပြီးတော့သာ အဆင်ပြေပါတယ်ပြောနေရတာ ဖုန်းကိုင်ထားတဲ့မြသားရဲ့လက်တွေ တုန်ရီလို့နေလေပြီ။"""အဆင်မပြေတာရှိရင် ကိုကိုဆီဖုန်းဆက်နော်။
ညီမလေးတယောက်ထဲ ကြိတ်ပြီးခံစားမနေနဲ့နော်။
ကိုကို ညီမလေးကိုစိတ်ပူမိတယ်။ """"""ညီမလေး တကယ်ကိုအဆင်ပြေပါတယ် ကိုကို"""
ဒီမှာဖြစ်ပျက်နေတာတွေအကုန်လုံး ကိုကိုသာသိသွားလို့ကတော့ မြသားကိုကျောင်းပေးမတတ်တော့ဘဲ မန်းလေးကိုချက်ချင်းပြန်ခေါ်မယ်ဆိုတာ မြသားသိနေလို့ ကိုကိုလိမ်လိုက်မိလေပြန်သည်။"""ကျန်မာရေးကိုဂရုစိုက်နော် ညီမလေး ညည်နက်တဲ့ထိလည်း စာတွေကျက်မနေနဲ့အုန်း ။
ဒါဘဲနော် ကိုကိုအလုပ်တွေရှိသေးလို့ """"""ဟုပ်ကဲ့•••ကိုကို။ """
မြသားဖုန်းချလိုက်တော့မှဘဲ ပိုပြီးငိုချင်လာပြီ။အိမ်ကိုလွမ်းတာရယ် ဒီမှာအနိူင်ကျင့်ခံနေရပြီး အားပေးမဲ့အားပေးဖော်မရှိတာတို့ရယ်ကြောင့် မြသားအားရပါးရအသံတိတ်ငိုချလိုက်လေတော့သည်။"""ဟျောင့်!
မင်းကဒီမှာလာပြီး သာယာနေတယ်ပေါ့လေ ဟုပ်လား။ မင်းတော့ နာမည်ကြီးနေပြီကွ """
ကလပ်ထဲမှာ ထိုင်ပြီးဘေးတဖက်တချက်ဆီမှာ အရက်ထည့်ပေးတဲ့ကောင်းမလေးတွေရယ် အမြည်းခွံကျွေးမဲ့ ကောင်းမလေးတွေရဲ့အလယ်မှာ စည်းစိမ်ယူစ်မူးနေတဲ့ စစ်သွေးနီအား ရာဇစကားစလိုက်လေသည်။
YOU ARE READING
ရမ္မက်ဆန်သော ချစ်ခြင်းတရား
Romanceဆိုးသွမ်းရက်စက်ပြီး မိုက်ရူးရဲဆန်တဲ့ ကောင်လေးနဲ့ အေးတိအေးစက်နိုင်တဲ့ ကောင်မလေးတို့ရဲ့ တက္ကသိုလ် ရိုမန်အချစ်ဇာတ်ကြမ်းလေးပါ။