ရမ္မက်ဆန်သော ချစ်ခြင်းတရား
အပိုင်း၄
မနက်စောစောကျောင်းသွားဖို့ ရေမိုးချိူးကာ မှန်တင်ခုံရှေ့မှာ သနပ်ခါးဖီးလိမ်းပြင်ဆင်နေလိုက်လေသည်။နီညိုရောင် ရင်ဖုံးအကျီင်္ဝမ်းဆက်ကလေးရယ် သနပ်ခါးပါးကွက်ကလေးနဲ့ခေါင်းပေါ်က ခရေပန်းကလေးတို့ရယ်ကြောင့် မြန်မာ့အမျိူးသမီးတယောက်ဆိုတာ ပေါ်လွင်လို့နေလေသည်။
"""မြသားရေ ပြီးပြီလား။
သွားကြရအောင်လေ """သူငယ်ချင်းဖြစ်သူရွှေရည်စကားကြောင့် စားပွဲပေါ်ကလွယ်အိတ်ကလေးကိုယူကာ အဆောင်ရှေ့ထွက်လာလိုက်လေတော့သည်။
ပွမ်း•••ပွမ်း•••!
မြသားရဲ့ဘေးကိုကပ်ပြီးကားကိုအဆက်မပြတ်ဟွန်းတီးလိုက်လေသည်။ """မြသား ကျောင်းသွားမှာမလား။ ကိုယ့်နဲ့အတူသွားကြရအောင်လေ ။ """
"""ဟိုလေ•••မြသားမလိုက်တော့ဘူး။
သူငယ်ချင်းတွေနဲ့သွားမလို့ ချိန်းထားပြီးနေပြီ။ """
သူကားရှေ့ကနေဘဲ စကားအကုန်ပြောပြီးထွက်လာလိုက်လေတော့သည်။"""ရပ်လိုက်မြသား """
ကားပေါ်မှ ဆင်းလာပြီး သူမအားအမိန့်ပေးလိုက်လေသည်။"""ရွှေရည်တို့ ငါ့ပြောရမှာတော့ အားနာပါတယ်။
မြသားကိုထားခဲ့လိုက်တော့ ကျနော်ဘဲခေါ်လာလိုက်တော့မယ် ။ """သူငယ်ချင်းဖြစ်သူရွှေရည်တို့လည်း စစ်သွေးနီးစကားဆုံးသည်နှင့် မြသားကိုထားရစ်ပြီး ထွက်သွားကြလေတော့သည်။
"""မြသား ကားပေါ်တတ်"""
ကျနော်အမိန့်ပေးလုိက်လေတော့သည်။ သို့သော် သူမကတော့ မလူပ်မရှုပ်ကြီးရပ်နေလေသည်။"""ကျစ်!
မြသား ••မင်းကတော့ကွာ။
ငါ့ကိုအမြဲစိတ်မရှည်အောင်လုပ်တယ် """
ကျနော် သူမရှိတဲ့အနားကိုသွားပြီး သူမအားပွေ့ချီလိုက်လေတော့သည်။"""ရှင်••••ရှင့်ဘာလုပ်တာလဲ။
လုတွေ့ကြည့်နေကြပြီ။ လွှတ်•••လွှတ်နော် """
ကျနော် မြသားကိုပွေ့ချီပြီးကားထဲထည့်လိုက်လေတော့သည်။"""ကဲအမိ •••အခုတော့ဘာတတ်နိူင်သေးလဲ။
ကိုယ့်ကစိတ်မရှည်တဲ့လူ မြသားမင်းက မတုန်မလူပ်နဲ့ကြာရင် မင်းမလွယ်ဘူး။ """
သူမရဲ့အေးတိအေးစက်ပုံစံလေးတွေကြောင့် ကျနော်သူမအားတန်တန်စွဲဖြစ်နေရလေသည်။ တချိူ့မိန်းမတွေဆို နောက်ဆုံးပေါ်ပြိုင်ကားကြီးနဲ့လိုက်စီးချင်ကြလွန်းလို့ သူမနဲ့တွေ့မှ ပွေ့ချီရတဲ့အဆင့်။ ဘာဘဲဖြစ်ဖြစ် ဘယ်မိန်းမနဲ့မှမတူတဲ့ မြသားရဲပုံစံလေးတွေကြောင့် ချစ်နေရလေပြီ။
YOU ARE READING
ရမ္မက်ဆန်သော ချစ်ခြင်းတရား
Romanceဆိုးသွမ်းရက်စက်ပြီး မိုက်ရူးရဲဆန်တဲ့ ကောင်လေးနဲ့ အေးတိအေးစက်နိုင်တဲ့ ကောင်မလေးတို့ရဲ့ တက္ကသိုလ် ရိုမန်အချစ်ဇာတ်ကြမ်းလေးပါ။