Part 8

3.6K 62 0
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၈

သူ့ကားလေးထွက်သွားတော့မှ မြသားဟန်မပျက်အဆောင်ထဲဝင်ဖို့ ခြေလှမ်းလိုက်စဉ်။
"""ဟင်•••ကိုကို။"""
အကြောင်းမကြား ဘာမှမကြားနဲ့တွေ့လိုက်ရလို့ မြသားလန့်သွားလေကာ နူတ်မှအလိုလိုထွက်သွားလေသည်။

"""နင့်ငါ့နဲ့လိုက်ခဲ့ မြသားချယ်။ """
ညီမဖြစ်သူလက်ကို တအားဆွဲကာ ထိုနေရာနဲ့ဝေးရာကိုခေါ်လာလိုက်လေသည်။ နိူင်ခြားသွားနေတဲ့ သူငယ်ချင်းဖြစ်သူအိမ်ကို သူမအားခေါ်လာလိုက်လေသည်။ ဟိုရောက်တော့ ။

"""သွားစမ်း•••မြသားချယ်။ """
ညီမဖြစ်သူလက်ကို ဆွဲပြီးအားနဲ့ ထိုင်ခုံပေါ်ပစ်တွန်း
လိုက်လေသည်။
"""ပြောပါအုန်း။
ငါ့ကတော့ ငါ့ညီမလေးကရိုးလွန်းအလွန်းလို့ စိတ်မချဖြစ်နေရတာ နင့်ကတော့ သူစိမ်းယောင်္ကျားတယောက်ရဲ့ ကားပေါ်မှာတောင် •••တောက် !
ငါ့ပြောလိုက်ရင်မကောင်းရှိတော့မယ်။ """

မြသားဘယ်လိုရှင်းပြလို့ရှင်းပြရမှန်းမသိတော့လို့ မျက်ရည်လေးတွေဝဲတတ်လာလေတော့သည်။

"""ရည်းစားမထားနဲ့မပြောပါဘူး။
ခေတ်လူငယ်ဘဲ နားလည်ပေးလို့ရသေးတယ် အခုတော့ လူဆိုးလုမိုက်ကိုမှ ညည်းကချစ်သူအဖြစ်ရွေးချယ်လိမ့်မယ်လို့ ငါ့စိတ်ကူးနဲ့တောင်မတွေးမိဘူး မြသားချယ်။ နင့်အကောင်အကြောင်း နင့်ဘယ်လောက်သိလိုလဲ မြသားရယ် ။ """

"""မြသားမှားသွားပါတယ်ကိုကို။
နောက်ပြီးမြသားနဲ့•••သူ•••သူကရည်းစားတွေမဟုပ်ပါဘူး•••ကိုကို။"""

"""ဘာ!
နင့်နဲ့သူက သမီးရည်းစားတွေမဟုပ်ရင်ဘာတွေလဲ ။ ဒီလောက်ဖြစ်ပျက်နေတာတောင် ညည်းတို့ကသမီးရည်းစားတွေမဟုပ်ရင် ဘာလဲမြသားချယ်။ ညည်းထုံထုံအအလုပ်မနေနဲ့ ယောင်္ကျားတွေကို ဘာမှတ်နေလဲ မြသား။ """

မြသားထုံစံအတိုင်း ခေါင်းလေးကိုအောက်ကိုစိုက်ထားလိုက်လေကာ အကိုဖြစ်သူဆူပူသမျှကို ဘာမှပြန်မပြောဘဲ ငြိမ်ခံနေလေသည်။

"""ဒါလည်းကောင်းသားဘဲ။
ညီမလေးနဲ့သူ သမီးရည်းစားတွေမဟုပ်ရင် အဲ့မကောင်ကို ချက်ချင်းအဆက်သွယ်ဖြတ်လိုက် ပြီးရင် ကိုကိုနဲ့ မန်းလေးပြန်လိုက်ခဲ့တော့။ ကျောင်းတတ်ဖို့မလိုတော့ဘူး။ မေဂျာပြောင်းပြီး မန်းလေးမှာဘဲကျောင်းဆက်တတ်။ """"

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now