Part 11

4K 55 1
                                    

ရမ္မက်ဆန်သော ချစ်ခြင်းတရား

အပိုင်း၁၁

သူမချိန်းထားသည့်အချိန်ထက် ကျနော်ပိုစောပြီးထိုနေရာကိုရောက်နေမိသည်။ သူမအလားကိုဘဲ စိတ်ရှည်ရှည်နဲ့စောင့်ရင်း စီးကလပ်တလိပ်ကို ဖွားကာ သူမအားမျှော်နေလေသည်။

"""မြသားရယ်။
မင်းမို့လို့ ငါ့အပေါ်အခုလိုရက်ရက်စက်စက်လုပ်ရက်တယ်။ ငါ့မှာတော့ မင်းအတွက်ဆိုရင် ငါ့ဘဝတခုလုံးကိုပေးဖို့ အဆင့်သင့်ဖြစ်နေတဲ့သူပါ ။ မင်းရက်စက်တယ်။ မင်းငါ့အသဲကိုခွဲတယ်။ မင်းကမယာများတယ်။ မင်းကငါ့ကို လာကစားမှတော့ ငါ့လည်း မင်းနဲ့အတူလိုက်ကစားရပေးတာပေါ့ မြသားချယ်ရယ်။ မင်းငယ်ပါသေးတယ် မြသားရယ်။ """
လက်ထဲက စီးကလက်ကိုတရှိူက်မက်မက်ဖွားထုတ်ပစ်လိုက်လေသည်။

သူကိုစိတ်ပူလို့သာ မြသားမှာကြောက်ကြောက်နဲ့ထွက်လာရတယ် ။ ကိုကိုနဲ့မေမေတို့သိလို့ကတော့ မြသားကို စိတ်ဆိုးကြမည်ကိုသိနေလို့ မြသား ပုဝါလေးကို ကုလားမလေးတွေလို့ ခေါင်းကနေခြုံထားလိုက်ပြီး မျက်လုံးကိုလည်းမျက်မှန်အနက်ကလေးနဲ့ကွယ်ကာ သူနဲ့့ချိန်းထားတဲ့ နေရာသို့ရောက်လာခဲ့ချေသည်။

"""လွမ်းလိုက်တာ မြသားရယ်။ """
သူမကိုတွေ့တာနဲ့ ကျနော်အရိုးကျိူးမတတ်ပြေးဖက်ထားလိုက်မိသည်။
"""မြသားရယ်။
ဘာလို့ ကိုယ့်အပေါ်အခုလောက်ထိရက်စက်ရတာလဲဟင်။ ကိုယ့်မုန်းတယ်ဆိုတဲ့ သူနဲ့မှ မြသားကစေ့စပ်ပြစ်လိုက်တယ်။ အစကတည်းက အဲ့လိုအကြုံစည်တွေရှိနေလို့ ကိုယ့်ကိုလာမတွေ့ခိုင်းတာလား။ """

"""လွှတ်ပါအုန်း။
မြသားအသက်ရှူကျပ်နေပြီ။ """
ကျမကိုဖက်ထားလျှက်စကားတွေတောက်လျှောက်ပြောနေတဲ့ သူကိုမြသားအံသြေနေမိသည်။ မြသားကိုတွေ့လျှင် ဒေါသထွက်မယ် အော်မယ် ငေါက်မယ် ဒီထက်ပိုဆိုးရင် လက်တွေပါ ပါလာနိူင်တယ်လို့ မျှော်လင့်ထားတာ။ အခုသူပုံစံက သွေးအေးအေးနဲ့ မြသားအပေါ်ဆက်ဆံနေတဲ့သူကြောင့်မယုံကြည်နိူင်တော့ချေ။

"""နေပါအုန်း မြသားရယ်။
ကိုယ်ခဏလောက် ဒီလိုလေးဖက်ထားခွင့်ပြုပါ။
နောက်ဆို မြသားကို ကိုယ့်ကလက်လွှတ်ဆုံးရှူံးရတော့မယ်လေ။ ဒါကြောင့် ခဏလောက်ဒီလိုလေး နေခွင့်ပြုပါ့ မြသားရယ်။ """
ဂျာကင်အိတ်ထဲမှာ အသင့်ထည့်လာတဲ့ လက်ကိုင်ပုဝါလေးနဲ့ သူမနှာခေါင်းကို သုံးမိနစ်လောက်ဖိအုပ်ထားလိုက်တော့ မြသား ကျနော်ပုခုံးထပ်မှာပင်လောကကြီးနဲ့အဆက်သွယ် ပြတ်တောက်သွားလေတော့သည်။

ရမ္မက်ဆန်သော ချစ်ခြင်းတရားWhere stories live. Discover now