ရမ္မက်ဆန်သော ချစ်ခြင်းတရား
အပိုင်း၁၇
"""တောက်!
ငါ့ကတော့ မင်းကုိချစ်လွန်းလို့ခိုးယူမိခဲ့တာလေးကိုဘဲနောင်တရလို့ မဆုံးနိူင်သေးဘူး။ မင်းကတော့ တခြားသူစိမ်းယောင်္ကျားတယောက်နဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီးမှ••••။ ဟာကွာ """
ခွမ်!
စိတ်တိုဒေါသထွက်ကာ စားပွဲပေါ်ရှိပန်းအိုးကို နံရံနဲ့ပစ်ခွဲပစ်လိုက်လေသည်။"""မင်းမို့လို့ ငါ့အပေါ်ကိုသစ္စာဖောက်ရက်တယ်ကွာ။ ပြောပါအုန်း•••ပြောစမ်းပါအုန်း ငါ့ဘာတွေမှားခဲ့လို့ ငါ့အပေါ်ကို ဒီလောက်ထိရက်စက်နိူင်ရတာလဲ ။ ငါ့မှာတော့ ရိုးသားတည်ငြိမ်တဲ့ မင်းကို အရာအားလုံးထက်ပိုပြီး ချစ်မြတ်နိူးလိုက်ရတာ မင်းကတော့ •••။ """
ကျနော်ဘာတွေဘဲပြောနေပြောနေ စကားတခွန်းမှမပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေတဲ့ သူမကြောင့် ကျနော်ဒေါသတွေပိုပြီးအရောင်တောက်လာလေကာ။
"""စိတ်ချနေလိုက် မြသားချယ်။
မင်းနဲ့မင်းအကောင်တို့ ဘယ်သောအခါမှ မပေါင်းစုံစေရဘူး ။ မင်းမှာအဲ့အကောင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေလည်း ငါ့ဂရုမစိုက်ဘူး ။ နွားဖြစ်ခံပြီး မင်းကိုနှိပ်စက်ပြမယ် ။ လှည်းကျိူ းထမ်းပြီး မင်းကိုဘယ်လောက်ထိချစ်ခဲ့ကြောင်း ငါ့သက်သေပြမယ် ။ """"""ကျမ ရှင့်နဲ့ဆက်မပေါင်းနိူင်ဘူး း။
ကျမကိုကွာရှင်းပေးပါ ။ """"""ဟား••••ဟား မင်းသိပ်ရယ်ရတာဘဲ မြသားချယ် ။ မင်းမှာ ဟိုအကောင်နဲ့ရတဲ့ ကလေးရှိနေယုံနဲ့ ငါ့ကလက်လွှတ်ပေးမယ်လို့ မင်းထင်လား ။ စိတ်ချနေလိုက် ဟိုအကောင်နဲ့ရတဲ့ကလေးရော ကလေးအဖေကိုရော ငါ့လက်ကမလွှတ်စေရဘူး။
မင်းဒီနေ့ ဒီအချိန်ကစပြီး အိမ်အလုပ်တွေ အားလုံးမင်းတာဝန်ယူရမယ် ။ မင်းဟာငါ့ရဲ့ဇနီးမယားမဟုပ်တော့လို့ ငါ့နဲ့တကုတင်ထဲအိပ်ဖို့မလိုအပ်တော့ဘူး ။ အခုချိန်ကစပြီး မင်းကငါ့ရဲ့နာမည်ခံ ဇနီးမယားတယောက်အပြင်မပိုဘူး ။ """သူထင်ထားတဲ့အတိုင်း ပေါက်ကွဲသောငိးကျန်းသွားလေကာ အခန်းတခုလုံး ရူပ်ပွကျန်ခဲ့လေတော့သည်။ ပုလင်းတွေ ဖန်ခွက်တွေအကုန်လုံးသူ ပေါက်ခွဲပစ်သွားလေသည်။ ဖန်ကွဲစတွေမှာ သွေးစလေးတွေကြောင့် သေချာပါသည် သူလက်မှာ ဒဏ်ရာ ရသွားမယ်ဆိုတာ မြသားအတတ်သိနေပါပြီ။
YOU ARE READING
ရမ္မက်ဆန်သော ချစ်ခြင်းတရား
Romanceဆိုးသွမ်းရက်စက်ပြီး မိုက်ရူးရဲဆန်တဲ့ ကောင်လေးနဲ့ အေးတိအေးစက်နိုင်တဲ့ ကောင်မလေးတို့ရဲ့ တက္ကသိုလ် ရိုမန်အချစ်ဇာတ်ကြမ်းလေးပါ။