ရမ္မက်ဆန်သော ချစ်ခြင်းတရား
အပိုင်း၁၉
"""မူယာ """
ညကလည်းတညလုံးအိမ်ကိုပြန်မလာဘူး ။ အခုမနက်မိုးလင်းလို့ အိမ်ပြန်လာတော့လည်း အမူးသမားတယောက်လို့ ရိုင်းနဲနဲ ။ မူယာက သားဖြစ်သူ စစ်သွေးကိုအိမ်ကနှင်ချလိုက်ကတည်းက အကိုကြီးနားအနီးကပ်ပြုစုပေးပါ့ရစေဆိုပြီး မျက်နှာငယ်လေးနဲ့တတ်လာလေသည်။ ထိုစဉ်ကတည်းက အိမ်ကရှိသမျှ ပိုင်ဆိုင်သမျှတွေကို ထင်တိုင်ကြဲ သုံးဖြန်းနေလိုက်တာ ယနေ့အချိန်ထိ"""ဟာ •••အကို အစောကြီးနိူးနေတာလား။ ""
အရက်နံတတောင်းတောင်းနဲ့ ကျနော်နားကိုကပ်လာတဲ့ မူယာလက်တွေကို ခါချလိုက်ရင်း။
"""ငါ့အစောကြီးနိူးနေတာ မဟုပ်ဘူး ။
မင်းကအိမ်ကိုအစောကြီး ပြန်ရောင်လာ ။ မင်းဘာတွေဖြေရှင်းချက်ပေးချင်သေးလဲ ။ """"""ဟာကွာ အကိုကလည်း မူယာကဘာတွေဖြေရှင်းရအုန်းမှာလဲကွာ ။ အိမ်ချင်နေပြီ နောက်မှပြောတော့ •••။ """
စကားလမ်းကြောင်းလွှဲကာ ထွက်သွားဖို့ကြံနေတဲ့ မိန်းမဖြစ်သူ မူယာရဲ့လက်အား ဆွဲလိုက်လေကာ။
"""မရတော့ဘူး မူယာ ။
ငါ့အားလုံးသိပြီးပြီ မင်းဖဲရိုက်တာရှူံ းလို့ ငါ့အရင်မိန်းမရဲ့ လက်ဝတ်ရတနာတွေနဲ့ ဒီတိုက်နဲ့ခြံကို မင်းပေါင်းစားထားတယ်ဆိုတာ ငါ့အားလုံး သ်ိပြီးပြီကွ။
မင်းဘာငြင်းချင်သေးလဲ ။ """"""ဟို•••ဟိုလေ •••"""
ရှင့်က ဒါလေးတွေဘဲ သိထားသေးတာပါ ။ ကျမနဲ့ကျမသားက နောက်ထပ် ဘာအကွက်တွေ့ ထပ်ရွေ့ထားသေးလဲသာ ရှင့်တို့သားအဖတွေသိရင် မေ့လဲကုန်ကျလိမ့်မယ်။ ရင်ထဲကနေကြိတ်ပြီး ဦးထွန်းမြိုင်အားလှောင်ပြောင်လိုက်လေတော့သည်။"""မူယာ !
မင်းကွာ ဒီတိုက်နဲ့ခြံကိစ္စက ဒီလောက်ပြသာနာမကြီးဘူးကွ။ မင်းသာ စစ်သွေးအမေရဲ့ လက်ဝတ်ရတနာတွေ ရောင်းစားတာ စစ်သွေးသိလို့ကတော့မင်းတို့တော့မလွယ်ဘူးမှတ်ကြ ။"""မူယာ
ငါ့မင်းကို နောက်ဆုံးသတိပေးလိုက်မယ်နော် ။ ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံး ဒီပြသာနာတွေ ပြေလည်အောင်ဖြေရှင်းထားပါ ။ မဟုပ်လို့ကတော့ နောက်မှငါ့အဆိုမဆိုနဲ့ ။ """
မူယာဆိုတဲ့ မိန်းမကို အိမ်ပေါ်ခေါ်တင်ခဲ့မိတာကုိဘဲ နောင်တအကြီးကျယ်ရနေမိတော့လေသည်။
KAMU SEDANG MEMBACA
ရမ္မက်ဆန်သော ချစ်ခြင်းတရား
Romansaဆိုးသွမ်းရက်စက်ပြီး မိုက်ရူးရဲဆန်တဲ့ ကောင်လေးနဲ့ အေးတိအေးစက်နိုင်တဲ့ ကောင်မလေးတို့ရဲ့ တက္ကသိုလ် ရိုမန်အချစ်ဇာတ်ကြမ်းလေးပါ။