2016 Jan 9
03:25 p.m.တိတ်ဆိတ်အေးစက်နေတဲ့ ဇန်နဝါရီ နေ့လယ်ခင်း။ အဖြူရောင်နှင်းစက်တွေဟာ ပတ်ဝန်းကျင်မှာ ဖုံးလွှမ်းလို့နေသည်။ အနွေးထည်ထူထူအောက်မှာရှိနေတဲ့ ဂျေးကတော့ အနွေးဓာတ်ပါးပါးကို ခံစားရရှိလို့။ ဒါပေမယ့်လည်း သူကတော့ အေးစက်နေဆဲပါပဲ။ လက်ဖျားလေးတွေက နီရဲလို့။ ပါးပြင်မို့မို့လေးတွေကတောင်မှ သွေးရောင်ဖျော့နေသယောင်။
အပူငွေ့တချို့ကို ဂျေး မှုတ်ထုတ်လိုက်မိသည်။
ထိုအခါမှာတော့ လေထုထဲကို ထွက်ပေါ်လာတဲ့ အငွေ့ပါးပါး။ ဂျေးကတော့ ပိုပြီးတော့ပဲ စိတ်ပျက်သွားမိပြန်သည်။ မျက်မှောင်ကျုံ့မိသွားတဲ့အထိ။
နှုတ်ခမ်းပါးပါးကို စူထားမိသွားတဲ့အထိ။ဒီဇန်နဝါရီလက ပျော်စရာမကောင်းဘူးပဲ။
နည်းနည်းလေးတောင်မှ။လွန်ခဲ့တဲ့တစ်ပတ်ခန့်၊ New year ညတုန်းကအထိတောင် ဂျေး အူလှိုက်သည်းလှိုက် ပျော်ရွှင်နေခဲ့သေးတာ။ ပြန်မရောက်တာကြာပြီဖြစ်တဲ့ ကိုရီးယားကို ပြန်မယ်။ ဘွားဘွားဆီ သွားလည်မယ်။ သူငယ်ချင်းတွေနဲ့ တွေ့ကြမယ်။ အတန်းတွေပြန်မစခင်မှာ စိတ်ရှိသလောက် ပျော်ပစ်မယ်။
အဲ့လိုတွေးထားခဲ့တာ။
အဲ့လိုစိတ်နဲ့ပဲ အမေရိကားကနေ ထွက်လာခဲ့တာ။
အဲ့လိုစိတ်နဲ့ပဲ ကိုရီးယားကို ခြေချခဲ့တာ။
ဒါပေမယ့်လည်း ဂျေး ဆုံးဖြတ်ချက်မှားပြီထင်ပါရဲ့။ အခုတော့ဖြင့် သူ့မှာ နောင်တတွေ တစ်ပုံကြီး။အမိမြေကိုပြန်ရောက်ပြီး နှစ်ရက်၊သုံးရက်ခန့်အထိ ဘွားဘွားရဲ့အိမ်မှာနေပြီး ဆိုးလ်အနှံ့ကို ပတ်ပြီးပြီ ဖြစ်သည်။ ဒါကြောင့် ကျန်တဲ့ရက်ပိုင်းကို ဂျယ်ဂျူမှာ အချိန်ဖြုန်းဖို့ ဂျေး စီစဥ်ခဲ့တာပင်။ သူငယ်ချင်းတွေနဲ့တူတူ အပန်းဖြေခရီး သွားကြမယ်ဆိုပြီးတော့ပေါ့။
ဒါပေမယ့်လည်း ဂျေးကသာ ခွင့်ယူခဲ့တာလေ။
ဆိုးလ်မှာ ကျောင်းတက်နေဆဲဖြစ်တဲ့ ဂျေးရဲ့သူငယ်ချင်းတွေကတော့ ခွင့်မယူထားဘူး မဟုတ်လား။ ဒါ့အပြင်ကိုမှ အချိန်မီထပ်ရမယ့်စာတမ်းတွေ၊ thesis တွေကလည်း သူတို့မှာ အပြည့်။
Master တက်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေဆိုတာ သာမန်လူတွေလို အပျော်အပါးကိုပဲ လိုက်စားနေလို့မှ မဖြစ်ပဲကိုး။
YOU ARE READING
7OVE (One Shot) | HEEJAY
Romance" ချစ်တယ် မောင် " " ပိုချစ်တဲ့သူကတော့ မောင်ပဲဖြစ်ပါရစေ ဂျေးရယ် " For 7yearz... 9.1.2023