"ကျတော်လုံးဝလက်မခံဘူးနော် အာပါး"
"မင်းလက်ကိုလက်ခံရမယ်"
Jeongwoo မိထွေးဖြစ်သူကိုအကြည့်စူးစူးတစ်ချက်ကြည့်လိုက်ပြီး အဖေဖြစ်သူဆီကိုသာစကားထပ်ပြောလိုက်သည်။
"အာပါး ကျတော်လည်းယောက်ျားလေး သူလည်းယောက်ျားလေးလေ အဖေမြေးမလိုချင်တော့ဘူးလား"
"ငါမြေးမရခင်အရင်သေသွားလိမ့်မယ် သူဌေးလေးကအာပါးတို့ကိုအများကြီးကူညီခဲ့တာ အခုလည်းအာပါးတို့ကုမ္မဏီဒေဝါလီခံရမဲ့ကိစ္စကနေကူညီခဲ့တာ"
ထိုသို့ပြောထွက်လာသည့် အာပါးဖြစ်သူကို Jeongwoo အမှန်တကယ်အံ့ဩမိပါသည်။ သူ့ကိုငွေအတွက်နဲ့တခြားသောအမျိုးတစ်ယောက်နဲ့လက်ထပ်စေတယ်တဲ့။ တကယ်ကိုပြောစရာစကားတွေပျောက်ရှနေလှပါပြီ။ ဂျောင်ဝူး လွယ်အိတ်နဲ့ဖုန်းယူကာ သူငယ်ချင်း Haru Phyo နှင့် Doyoung Hyung ဆီထွက်လာခဲ့လိုက်သည်။
စကိတ်ကိုဖြေးညင်းစွာစီးရင်း ကျတော်အတွေးတွေထဲမြောနေမိတယ် ကျတော့်နာမည်က Park Jeongwoo မနေ့ကမှလောလောလတ်လတ် ၁၉နှစ်ပြည့်ခဲ့တာ ကိုရီးယားလိုတော့ အသက် ၂၀ ပေါ့ ဒီနေ့တော့ အားပါးဖြစ်သူကကျတော့်ကိုလက်ထပ်စေချင်ပြီတဲ့လေ လက်ထပ်စေသည့်သူကလည်းချောမောလှပသည့်အမျိုးသမီးတစ်ယောက်မဟုတ် ကျတော်နဲ့ဘာမှမကွဲပြား မခြားနားသည့် အမျိုးသားတစ်ယောက်ပင်။ ထိုအမျိုးသားကတော့
"မိစ္ဆာကြီးလာပြီ"
ထိုအသံသည်ကား တိုက်အထပ် ၁၅ထပ်မြှောက်မှ မှန်ပြောင်းဖြင့်လှမ်းကြည့်ကာ ကားပေါ်မှ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့် တပ်ထားသည့်နေကာမျက်မှန်အမဲအား ဆွဲဖြုတ်ပြီးရုပ်တည်ဖြင့် တိုက်အတွင်းသို့လျှောက်လာသည့်အမျိုးသားအားမြင်၍ မျက်မှန်နှင့်ကောင်လေးတစ်ယောက်အော်လိုက်သည့်အသံပင်ဖြစ်သည်။
ထိုကောင်လေး၏အသံကြောင့် ရုံးအတွင်းရှိ ရုံးသူ၊ ရုံးသားများအားလုံးယောက်ယပ်ခက်စွာ ရုံး uniform အားပြင်သူကပြင် ၊ စားလက်စမုန့်ထုပ်တွေကိုအမှိုက်တောင်းထဲထည့်သူကထည့် နှင့်လူတိုင်းအလုပ်ရှုပ်နေကြသည်။ သို့သော်ဓာတ်လှေကားတံခါးပွင့်လာချိန်မှာတော့အားလုံးငြိမ်သက်သွားကြသည်။