one short

3.2K 260 63
                                    

"ဟဲ့ ငယ်ကျွန်....မောင်မင်းလျှောက်တင်ချက်က အမှန်ပဲလား"

"မှန်ပါ့ဘုရား မှန်ပါ့"

ဘုရင်မဘေးမှငယ်ကျွန်ဟာခေါင်းအားတသွင်သွင်ညှိမ့်ရင်းထောက်ခံနေသည်။

" တပ်မှူးချုပ်စောပဒုမ္မာဟာဖြင့် ဘုရင်မကိုချစ်မြတ်နိုးကြောင်းကျွန်တော်မျိုးနားဖြင့်ကြားသိခဲ့ရပြီးပါပြီဘုရား"
" စောပဒုမ္မာရဲ့အပေါင်းအပါများကလည်း သိနှင့်ပြီးသားဖြစ်လို့ ဒီအကြောင်းအရေးဟာ ဘုရင်မရဲ့ထီးနဲ့နန်းအပေါ် သပုတ်လေလွင့်
ဖြင့်ထိခိုက်နိုင်ကြောင်းပါဘုရား"

လက်ဝဲအမတ်‌ နှင့် အစေခံငယ်ကျွန်၏သွေးထိုးစကားဟာ ဘုရင်မရဲ့ရွှေနားတော်အပါးပေါက်ကြားသွားခဲ့ လေသည်။ခက်ထန်နေသောမျက်နှာထားဟာမကြာခင် စောပဒုမ္မာအပေါ်အမျက်တော်ရှတော့မည်ဖြစ်သည်။

ဩဇာညောင်းသည့်ဘုရင်မ၏‌နှုတ်မှမိန့်တော်မူသော စကားသည် တပ်မှုးချုပ်စောပဒုမ္မာအား သူ၏ရှေ့မှောက်ခေါ်ဆောင်ရန်သာဖြစ်သည်။

**************
ရွှေရောင်တဖိတ်ဖိတ်ဖြင့်တောက်ပနေသော နန်းညီလာခံသို့ စောပဒုမ္မာရောက်ခဲ့သည်။
တင်းကြပ်စွာချည်နှောင်ထားသော လက်မှကြိုးခွေများကြောင့်မလှုပ်မရှက်ငြိမ်သက်ရင်းသာ။ဘာအရေးအကြောင်းရယ်လို့ရေရေရာရာ မသိရပါပဲ ဘုရင်မရဲ့အခေါ်တော်ကြောင့်သာရောက်ရှိလာရခြင်းဖြစ်သည်။

ရွှေ‌အတိပြီးသောရာဇပလ္လင်ထက်၌ သူ၏ဘုရင်မရှိသည်။စူးစူးရဲရဲအကြည့်များဟာ သူ့အားမုန်းတီးနေ‌သယောင်။
အမတ်အပေါင်းဟာ သူ့အားမသတီစွာ ကြည့်ရှုနေကြသည်။ဒီအချိန် သူဟာရွံရှာစရာ သတ္တဝါတစ်ကောင်လိုပင်ဖြစ်နေသည်။

"မှန်လှပါဘုရား ဘုရင်မရဲ့ အမိန့်တော်အတိုင်း ကျွန်တော်မျိုးတပ်မှူးချုပ်စောပဒုမ္မာအားဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်းပါဘုရား"

စောပဒုမ္မာဟာဖမ်းဆီး၍သာလိုက်လာရသည်။ယခုအချိန်အထိ ဘယ်အရာကိုမှမသိရသေးပါချေ။ထို့အတူ မဝံ့မရဲကလေးသာဘုရင်မရဲ့မျက်နှာတော်အား ခိုးခိုးငေးရင်း မော်ဖူးနေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Sep 15, 2023 ⏰

Add this story to your Library to get notified about new parts!

"မှန်သောစကားကိုဆိုပါမည်"Where stories live. Discover now