တက္ကသိုလ်ရဲ့ပထမဆုံးနေ့။
ဒီလိုနေ့မျိုးမှာ ဘယ်သူမဆို အနည်းနဲ့အများတော့ စိတ်လှုပ်ရှားကြမယ်ထင်ပါရဲ့
ကျွန်တော်လည်း အတူတူပါပဲ အများဘက်ထဲတောင်ပါမယ်ထင်တယ် ဘာလို့လဲဆို မနက်မိုးမလင်းခင်ကတည်းက နိုးနေခဲ့တာလေ"မေမေ သားသွားတော့မယ်"
"Jim မနက်စာလေးတော့စားသွားလေ ကလေး"
"ဟီး ဟုတ်ကဲ့"
သွားတစ်ချက်ဖြဲပြရင်း ပေါင်မုန့်ကို ဇွပ်ကနဲကောက်သွပ်တော့ မေမေက မျက်စောင်းလေးတစ်ခုပေးလာတယ်
"ပထမဆုံးရက်မလို့ အရမ်းတွေရင်ခုန်နေတယ်ပေါ့ ဟုတ်လား Jim"
"နည်းနည်းလောက်ပါပဲနော်"
"များများသာခုန်ရင် မိုးမလင်းခင်ကတည်းက ကျောင်းကို ရောက်နေမလားပဲ"
"မေမေကလည်းဗျာ"
နေရခက်သလိုဆိုလာတဲ့ သူ့သားငယ်ကို ကြည့်ရင်း လှိုက်လှိုက်လှဲလှဲပြုံးမိတော့တယ်
ဒီကလေးငယ်က သိပ်ကုသိုလ်ကံကောင်းတာ
မွေးကတည်းက အဆင်းနဲ့ပြည့်စုံစွာမွေးလာခဲ့ပြီး အရွယ်ရောက်တော့လည်း အသွေးအမွေးကလျော့မသွားပဲ ပိုပိုပြီးတောက်ပနေပါရော
အချင်းကလည်းလိုအပ်ချက်မရှိ ကျောင်းစာဆိုကျောင်းစာ အားကစားဆိုအားကစား နေရာစုံထူးချွန်တဲ့အပြင် ကြင်နာတတ်တဲ့စိတ်ထားလေးနဲ့
ဒီလိုကလေးမျိုးကို သားအဖြစ်ရတာ သူ့ဘဝအတွက် အကြီးမားဆုံးဆုလာဘ်ပါပဲ"ဘာတွေပြုံးကြည့်နေတာလဲ မေမေရဲ့"
"မေ့သားငယ်လေးကအရမ်းချောတာကိုး
ဒီပုံအတိုင်းဆို ကြိုက်တဲ့လူတွေဝိုင်းဝိုင်းလည်နေတော့မှာပဲ""မဟုတ်တာတွေပြောပြီ
သားသွားတော့မယ် တာ့တာ""ဂရုစိုက်သွားနော် Jim"
_________________________
ကျောင်းရောက်ရောက်ချင်း အခန်းရှိရာကိုမသွားသေးပဲ လှည့်ပတ်ကြည့်ဖို့အရင်အားသန်မိတယ်
သူ့ရဲ့တက္ကသိုလ်ကျောင်းသားဘဝက ဘယ်လိုလာဦးမလဲပဲဟိုငေးဒီငေးလုပ်ရင်း လမ်းလျှောက်နေတဲ့အချိန်
*ဝုန်း