Part 15: He kissed me

4.1K 66 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode -15]

နေပဲပူပူမိုးပဲရွာရွာ ဘယ်‌လေတိုက်လို့ဘယ်အရပ်လွင့်သွားပါစေ ပစ်ထားလိုက်ဖို့တွေးထားခဲ့သမျှ...။ ရေဆယ်ပုံးလောက်အပြိုင်လောင်းချသလိုအားကောင်းစွာရွာနေတဲ့မိုးကြောင့် သူ့ရင်ထဲမှာတော့စိုးရိမ်ရေအမှတ်ကျော်လွန်နေပါပြီ..

"ကျွတ်စ်"

သူ့ကားကွေ့နေတုန်း မိုးသည်းထဲမှာဘေးကပ်ကျန်ခဲ့သည့်
သတင်းကို ဆိုင်ကယ်စက်နှိုးမရလို့ တော်တော်ကြာတဲ့အထိထွက်မသွားနိုင်သေးတာအထိ ဘက်ခ်မှန်ထဲကနေမြင်ခဲ့ရပြီးပြီ။ ဒူးဖုံးရုံသာသာရင်ကွဲမိုးကာအဝါရောင်လေးအောက်မှာ လှစ်ဟမြင်လိုက်ရသည့်ပွန်းပဲ့ဒဏ်ရာတွေ..။မမြင်ချင်လို့မျက်နှာလွှဲတာမဟုတ်ပဲ မမြင်ရက်ခဲ့တာပါလားလို့သိရပြန်တော့ ကိုယ့်ကိုကိုယ်မချင့်မရဲဖြစ်မိပြန်သည်။

"ဒီကောင်မလေးတော့..."

ထိုတစ်ခွန်းတည်းကိုရေရွတ်နေမိတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ သူကိုယ်တိုင်သတိမထားမိခင်မှာပင် သူ့မာစီဒီးကားလေးသည်သတင်းတို့‌ေကျာင်းရှိရာအရပ်သို့မျက်နှာမူပြီးသားဖြစ်သွားခဲ့ပြီ။

မဆံုမိအောင်ရှောင်ခဲ့သည်။ မကြားမိအောင်နေခဲ့သည်။ မမြင်မိအောင် မျက်နှာလွှဲခဲ့သည်။ ဘန်ကောက်နောက်ဆုံးညတုန်းက အဖြစ်အပျက်တွေကိုသူမလေးကတကယ်မမှတ်မိတာလား၊ ဟန်ဆောင်နေတာလားမသိနိုင်စွာ ဘာမှမဖြစ်ခဲ့သလိုနေနေတာကိုလည်းအသည်းယားသည်။ တကယ်တမ်း ထိုမျက်နှာလေးကိုမြင်လိုက်ရပြီဆို တင်းထားသမျှကြက်ပျောက်ငှက်ပျောက်ဖြစ်ရတာချည်းပဲမို့ စိတ်အလိုလိုက်ခဲ့မိတဲ့သူ့ကိုယ်ကိုလည်းမလုံပါ။ လှည့်စားချင်တိုင်းလှည့်စားနေတဲ့မိန်းမတစ်ယောက်ကို သိပါသိရက်နဲ့စွဲစွဲနစ်နစ်ချစ်မိနေတဲ့ကိုယ်ဟာဘာကောင်ဖြစ်နေပြီလဲ။ သူမ‌ေလးတို့လိမ်ထားသမျှတွေရဲသွေးဆီကခံဝန်ချက်ထွက်လာတော့ မယုံနိုင်၊ မယုံချင်..။

နောက်ထပ်မယုံနိုင်စရာကတော့ ကားမောင်းနေတုန်းဝင်လာတဲ့ ဖုန်းကောလ်ပင်ဖြစ်သည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now