Part-30

3.7K 125 9
                                    

Unicode

အခုဆို Jiminဆေးသောက်နေတာ 6လပြည့်ပြီဖြစ်သည်။ ဘာမှ မထူးခြားသေး ဆရာဝန်ကိုလည်း အမြဲသွားပြသည်။ ထူးခြားမှုမရှိ ။

"ကိုကို ကလေး ကိုယ်ဝန်ဆောင်လို့ မရဘူးလားမသိဘူးနော် ကလေးဆေးသောက်တာပဲ 6လရှိပြီ အခုထိ ဘာမှလည်းမထူးခြားဘူး"

"ထူးခြားမှာပါ ကလေးရယ် အားမလျော့နဲ့ ကိုကိုတို့အတူတူကြိုးစားကြမယ်"

"ကလေး လက်လျော့ချင်လာပြီ ကိုကိုရယ် အရမ်းဝမ်းနည်းမိတယ် ကလေးကျမှ ဘာလို့ ခက်ခဲနေရတာလဲမသိဘူး"

"ကလေးရယ် ကိုကိုတို့က သဘာဝကို ဆန့်ကျင်ပြီးယူရတာလေ တစ်ချို့မိန်းကလေးတွေတောင်
လွယ်လွယ်နဲ့ ကိုယ်ဝန်မရတာ ကိုကိုတို့က ပိုပြီးဆိုးတာပေါ့ ကလေးစိတ်ဆန္ဒပြင်းပြနေရင် ရလာမှာပါကလေးရယ်"

Yoongiမှာ သူ့ကလေးစိတ်မကောင်းဖြစ်နေ၍ အားပေးစကားပြောပြီး နှစ်သိမ့်ပေးနေရသည်။

Jungkookမှာ ရုံးကပြန်ပြန်လာချင်း အခန်းထဲ
ဝင်တော့ တစ်ခန်းလုံးပွရှုပ်နေတာကိုတွေ့သည်။
Taehyungမှာ Jungkookအခန်းထဲဝင်လာတာကိုမသိ သူ့သား ဖွသမျှအကုန်လိုက်သိမ်းနေရသည်။ Jungkookမှာ Taehyungကုန်းကုန်းကွကွနှင့် ပစ္စည်းတွေသိမ်းနေတာကိုကြည့်ပြီး ရယ်ချင်နေမိသည်။ မရယ်မိအောင်စိတ်ထိန်းပြီး Taehyungအနားသွားလိုက်သည်။

Taekookလေးက လေးဘက်ထောက်လျှောက်သွားပြီး တွေ့သမျှပစ္စည်းတွေကို အကုန်ဆွဲချနေတော့သည်။ Taehyungကရှေ့က
သိမ်းလိုက် Taekookကနောက်က ဖွလိုက်
နှင့် Taehyungမှာ စိတ်ညစ်လာရသည်။

"Tae....ဘာတွေလုပ်နေတာလဲ"

"Jeon ပြန်လာပြီလား အစောကြီးရှိသေးတယ် ကျွန်တော်က Jeonပြန်မလာသေးဘူးထင်လို့ထွက်မကြိုတာ"

"ကိုယ် ဒီနေ့ ရုံး စောစောဆင်းလာခဲ့တာ "

Taekookက သူ့ဒယ်ဒီ သူ့ကို မချီပဲ Taehyungကို အရင် စကားတွေပြောနေတော့ သူ့ဒယ်ဒီစီ လေးဘက်ထောက်သွားပြီး Jungkookခြေထောက်တစ်ဖက်ကို ဖက်ပြီး ကိုက်ချလိုက်သည်။သွားလေးတွေပေါက်ခါစဆိုတော့ Jungkookမှာ နာလို့ အောက်ကိုငုတ်ကြည့်လိုက်သည်။

Sex PartnerWhere stories live. Discover now