လူတိုင်းမှာ တစ်ခြားသူတွေ ကိုယ်စားခံစားမပေးနိုင်တဲ့ ပုံပြင်လေးတွေ ပြောစရာရှိကြမှာပါ။ တစ်ချို့ပုံပြင်တွေကတော့ ရှည်လျားပြီး ပြောပြဖို့ အချိန်ကြာပေမယ့် အချို့ကတော့ တိုတောင်းပြီး ကာလအပိုင်းအခြား ကလေးတစ်ခုတည်းမှာဘဲ ဖြစ်ပျက်ခဲ့လို့ ပြောပြဖို့လွယ်ကူတယ်။ သေသေချာချာ စိတ်ခံစားပြီး နားထောင်မယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် ပုံပြင်ထဲက အဓိက ဇာတ်ကောင်လိုမျိုး ခံစားရမှာပေါ့။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ဖြစ်ပျက်ခဲ့တာလည်းမဟုတ် အခြားသူတစ်ဦးပြောပြတဲ့ အကြောင်းကို စိတ်ခံစားပြီး နားထောင်ရမယ်ဆိုတာက လူတိုင်းနားထောင်တတ်မှာ မဟုတ်သလို ပြောပြတဲ့သူရဲ့ နေရာကနေလည်း ဝင်ပြီးခံစားတတ်မှာမဟုတ်ဘူးလေ...။
အခုပြောပြမယ့်အကြောင်းကတော့ သူမကိုယ်တိုင်ဖြစ်ပျက်ခဲ့တဲ့ အတိတ်အကြောင်းအရာထဲကတစ်ခုပေါ့...........
စက်တင်ဘာလရဲ့ ပထမဆုံးရက် ...... ထိုနေ့က မိုးပေါက်လေးတွေ ကောင်းကင်ယံကနေ တဖွားဖွားကျဆင်းနေခဲ့တယ်....။ ရာသီဥတုကလည်း မိုးလေးအုံ့တုံ့တုံ့နဲ့ မပွင့်မလင်းလေး.. ။ ထိုအချိန် အိမ်ရှေ့လသာဆောင်မှာ ပက်လက်ကုလားထိုင်လေးတစ်လုံးနဲ့ စာအုပ်တစ်အုပ်ကို ကော်ဖီခါးခါးတစ်ခွက်သောက်ရင်း အေးအေးဆေးဆေးထိုင်ဖတ်နေသော သူမ.....။
ရုတ်တရက် သူမရဲ့အိမ်ရှေ့မှာ ကားလေးတစ်စင်းရောက်လာတယ်။ ကားထဲကနေ မိန်းမပျိုလေးတစ်ဦး ဆင်းပြီးခြံရှေ့ကိုရောက်လာခဲ့တယ်...။ မိန်မပျိုလေးရဲ့ အသွင်အပြင်က မခို့တရို့လေး.... နွဲ့နွဲ့နှောင်းနှောင်းနဲ့ အပြစ်ကင်းစင်တဲ့ပုံစံ.....။ နှစ်ဆယ်ကျော် အရွယ်မိန်းခလေးတစ်ယောက်ဆိုတော့ လောကကြီးကသူ့အတွက် ပျော်ပျော်ပါးပါး အေးအေးဆေးဆေးပေါ့..။
မိန်းကလေးက ကားထဲကနေဆင်းပြီး ခြံရှေ့ရောက်တော့ အိမ်ပေါ်ထပ်က လသာဆောင်ကိုကြည့်ပြီး လှမ်းခေါ်လိုက်တယ်...။
" မေမေရေ ...... သမီးပြန်လာပြီ..... ပြီးတော့မေမေ့ကိုပြောစရာ သတင်းကောင်းလည်းပါလာတယ်....။ သမီးအထဲရောက်မှ ပြောမယ်သိလားမေမေ......။" ဆိုပြီးသူမရဲ့မိခင်ရှိရာ လသာဆောင်ဆီကို လှမ်းပြောလိုက်တယ်...။
YOU ARE READING
အကယ်၍သာ.....
Short Storyဒါလေးက ကိုယ့်ရဲ့ပထမဆုံး ရေးဖြစ်တဲ့ short story လေးပါ အစကတော့ မတင်ဘူးလုပ်ထားပေမယ့် ကိုယ့်ရဲ့ပထမဆုံး story လေးဖြစ်တာရယ် ကိုယ်ကိုယ်တိုင်ဖတ်ပြီး အရမ်းကို အားရလို့ရယ်ကြောင့် တင်ဖြစ်တာလေးပါ ...ဒီ short story ထဲမှာပါတဲ့ အကြောင်းအရာတွေရယ် ဇာတ်ကောင်တွေရဲ့ နာ...