အပိုင်း ၁၆

3.4K 95 0
                                    

မိုးကောင်းကင်ကိုမိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်

အပိုင်း ၁၆

"ယောက်ျားဟုတ်လား "

"အင်း "

"နင့်အိမ်က နင့်ကိုအတင်းပေးစားလိုက်တာလား နင့်ဦးတည်နဲ့ နင်ကြိုက်နေတာ အန်ကယ်တို့သိသွားတယ်ဆို"
.
သူငယ်ချင်းနှစ်ယောက်က မေဇူးကို အထိတ်တလန့်နဲ့မေးလေသည်။

"အေး သိသွားတယ်"

"ဟယ် ဒုက္ခဘဲ "

"ဒါပေမယ့် ငါကဘယ်သူလဲ မေဇူးသော်လေ ငါပြောဖူးတယ်မလား ငါက ဦးတည်ကလွဲရင် ဘယ်သူ့မှမယူဘူးလို့"

"ဒါဆိုရင်..."

"ငါပြောတဲ့ငါ့ယောက်ျားဆိုတာ ဦးတည်ဘဲလေ"

မေဇူးက ပြောင်စပ်စပ်နဲ့ပြောချလိုက်တော့ သူငယ်ချင်းတွေက သူမကျောကို တပြိုင်နက်ရိုက်ချလိုက်လေသည်။

"ဟဲ့ ကောင်မတွေ နာတယ်ဟ"

"ဒါများ အစကတည်းက ပြောလိုက်ပါလား ငါ ဦးတည်နဲ့ခိုးပြေးလာတယ်လို့ "

"အေးလေ ဝေ့လည်ကြောင်ပတ်နဲ့ ငါတို့မှာဖြင့် စိတ်ပူလိုက်ရတာ "

"ဆောတီးပါ ချစ်သူငယ်ချင်းတို့ရေ ငါကနင်တို့ကို Suprise တိုက်ချင်လို့"

မေဇူး သူငယ်ချင်းနှစ်ယောက်ကို တစ်ဖက်စီ လက်ချိတ်ရင်း ပြုံးပြလိုက်လေသည်။

"ဒါနဲ့နေပါအုန်း ယတြာဆိုတာက ဘာလဲ"

ခွာညိုက သိချင်ဇောနဲ့မေးချလေသည်။

"ယတြာချေဖို့မဟုတ်ဘူး တကယ်တော့ အဲ့ဝတ်စုံယူခိုင်းတာက ငါနဲ့ဦးတည်နဲ့ ဒီနေ့လက်မှတ်ထိုးမလို့"

"ဟော.. မေဇူးသော်တို့လက်သွက်ချက် ဒါနဲ့  ငါမေးအုန်းမယ် ဦးတည်ကနင့်ကိုခိုးလာတာလား နင်ကဦးတည်ကိုခိုးလာတာလား"

"မဒီရယ် နင်ကလဲဘယ်လိုမေးလိုက့်တာလဲ ဦးတည်ကင့ါကိုခိုးတာလေ "

"မသိဘူးလေ နင်ကများကားတင်ပြေးလာသလားလို့"

"ဟုတ်မှာ"

မဒီ့စကားကို ခွာညိုကပါရယ်ပြီး ထောက်ခံလေသည်

"ဒီကောင်မတွေကတော့တကယ်ပါဘဲ"

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed) Onde histórias criam vida. Descubra agora