အပိုင်း ၃၈၉ ပင်လယ်ကျွန်းစုသုံးဆယ့်ခြောက်ကျွန်းမှ အကြီးအကဲများအဆုံးစီရင်ခြင်း

443 41 0
                                    

အပိုင်း ၃၈၉ ပင်လယ်ကျွန်းစုသုံးဆယ့်ခြောက်ကျွန်းမှ အကြီးအကဲများအဆုံးစီရင်ခြင်း၊ ပညာရှင်တွေက ဒီလိုပြုမူရတာလား

'' သတ်သေလိုက်ကြပါ...''

'' ဟုတ်တယ်၊ မင်းတို့ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်ကြပါ...''

အသံများတစ်သံပြီးတစ်သံထွက်ပေါ်လာပြီး အကြီးအကဲများကိုထိုသို့ပြုလုပ်ရန်တိုက်တွန်းနေကြသည်။

ထိုအသံများသည် ကျွန်းသုံးဆယ့်ခြောက်ကျွန်း၏ ပညာရှင်များပင်ဖြစ်ကြ၏။သူတို့က ဆူနာမီလှိုင်းဖြစ်ပေါ်လာသည်ကို သတိထားမိသွားပြီး ချူခွမ်းရန်၏စွမ်းအားကိုလည်း သတိပြုမိလိုက်ကြသည်။ထိုအကြီးအကဲများကို အဆုံးစီရင်စေခြင်းဖြင့် သူတို့၏ကျင့်ကြံခြင်းနယ်မြေများနှင့် မျိုးနွယ်စုများလည်း ကပ်ဘေးမှလွတ်မြောက်သွားလိမ့်မည်ဖြစ်သည်။

အကြီးအကဲများ၏ မျက်နှာမှာဖြူဖျော့နေကြလေပြီ။

ချုခွမ်းရန်က သူတို့ကိုသေစေချင်သည်ဆိုလျှင် သူတို့ဤမျှခံစားရမည်မဟုတ်ပေ။

သို့သော် သူတို့၏ပညာရှင်များက သူတို့ကိုသေစေချင်နေသည်။သူတို့၏ရင်ထဲတွင် အလွန်ဝမ်းနည်းသလိုခံစားလိုက်ကြရ၏။

အကြီးမားဆုံးနာကျင်မှုသည် ရန်သူကြောင့် ဖြစ်ပေါ်လာရခြင်းမဟုတ်ပေ။

အနီးဆုံးလူများ၏သစ္စာဖောက်မှုကြောင့် ဖြစ်ပေါ်လာရခြင်းပင်။

'' ဟား...ဟား...၊ ချူခွမ်းရန် ငါမင်းပြောတာကိုလက်ခံတယ်၊ ငါ့ရဲ့နီလာကျွန်းဘာမှမဖြစ်သရွေ့ ငါပျော်ပျော်ကြီးအသေခံလိုက်မယ်...''

နီလာကျွန်းမျိုးနွယ်စုအကြီးအကဲက ရူးသွပ်စွာရယ်မောလိုက်၏။လူတိုင်းက သူ၏ရင်ထဲရှိ ဝမ်းနည်းမှုကိုခံစားနိုင်သည်။ထို့နောက် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းချဲ့ကားဖောင်းပွလာ၏။

ဘုန်း...။

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ နီလာကျွန်းအကြီးအကဲသည် သွေးမြူများအဖြစ်သို့ပေါက်ကွဲသွားလေသည်။

ကျန်မျိုးနွယ်စုအကြီးအကဲများ၏ မျက်လုံးထဲတွင် ရုန်းကန်နေရသော အရိပ်အယောင်ကိုတွေ့ရသည်။ဤအခြေအနေတွင် သူတို့ဘာလုပ်နိုင်မည်နည်း။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now