script 1

478 53 4
                                    

" မင်းသားလုပ်လိုက်တာ ငါ့ကလေးထိပ်ပေါက်သွားပြီ မင်းဘယ်လိုလုပ်ပေးမှာလဲ ကင်ဆော့ဂျင်!"

" ဘယ်လိုမှမလုပ်ပေးဘူး "

ကလေးကိုပိုက်လျက်ချီထားသော ဆော့ဂျင်သည် အရှေ့ကအဒေါ်ကြီးကို မျက်နှာထားတင်းတင်းနှင့်သာ ပြန်ပြောလိုက်သည်။ ပူတူးလေးသည် သူ့ရင်ခွင်ထဲတိုးဝင်လျက် တရှုံ့ရှုံ့ငိုနေသည်။

" လူပါးဝတဲ့ကောင် "

" ဝတော့ဘာဖြစ်ချင်လဲ အဒေါ့်သားသာ ကျွန်တော့်ကလေးကို ဘာမှမပြောရင် ကလေးကလဲ ဘာမှမလုပ်ဘူး တကတည်း သန္ဓေယုတ်ကလေးတွေ ထိပ်ပေါက်အောင်လုပ်မိတာတောင် စိတ်ဆိုးချင်သွားပြီ "

ဆော့ဂျင်ပြောလိုက်တဲ့ ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးသည် မော့လာကာ သူ့ကို မျက်လုံးရွဲကြီးတွေနဲ့ကြည့်လာသည်။ ဘယ်လိုပဲ ဆိုဆို သူ့သားသည် ငိုနေတာတောင် ချစ်ဖို့ကောင်းပါသည်။

" ခေါင်းပါခွဲခဲ့ရမှာ ကလေးရဲ့ မငိုနဲ့တော့ ဗိုက်ဆာပြီလား "

‌ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာတာကြောင့် ရှေ့ကသားအမိကိုမသိချင်ယောင်ဆောင်ကာ အိမ်ထဲကိုပြန်ဝင်ခဲ့လာလိုက်သည်။ ထိုအဒေါ်ကြီးသည် ရပ်ကွက်ရဲ့အရေးပါသူဖြစ်ကာ အော်ကြောလန်လည်းဖြစ်သည်မို့ ဘယ်သူမှမပြောရဲကြ။ သူ့သားဆိုသည်မှာလည်း အမေ့အရှိန်နဲ့ ကလေးတွေကိုနိုင်စားတတ်တာမို့ ငယ်ငယ်လေးနဲ့ စောက်မြင်ကတ်စရာအလွန်ကောင်းပါသည်။ ရပ်ကွက်ထဲမှာ ထိုသားအမိမနိုင်တာဆိုလို့ ဆော့ဂျင်သာရှိသည်။

~~~~~~~

" ပေတလူးလေး မျက်နှာသစ်ပြီးပြီလား "

ပူတူးလေးသည် ခေါင်းငြိမ့်ပြကာ သူ့ပေါင်ပေါ်လာထိုင်သည်။ ပူတူးလေးသည် တခြားကလေးတွေလို မဟုတ် အေးအေးဆေးဆေးနေတတ်ပြီး ကလေးပေမဲ့ သပ်သပ်ရပ်ရပ်လည်းနေတတ်သည်။ ဒီကနေ့လည်း ဆော့ဂျင်က အမှိုက်လွှင့်ပြစ်ခိုင်းလိုက်တော့ အမှိုက်ထုပ်ကလေးကိုင်ကာ အမှိုက်ပြစ်တဲ့နေရာဆီသွားရင်း သူ့ကိုအမှိုက်ပုံကကောက်ရတဲ့ကလေးလို့ လှမ်းစလိုက်တာကြောင့် လက်ထဲကအမှိုက်ထုပ်နဲ့ပိတ်ရိုက်ပြစ်ပြီး ငိုကာ အိမ်ကိုပြန်ပြေးလာတာဖြစ်သည်။ ဖြစ်ချင်တော့ အမှိုက်ထုပ်ထဲမှာ ဆော့ဂျင်သောက်ထားတဲ့ ဆိုဂျူပုလင်းတစ်ချို့ပါတာမို့ ခေါင်းပေါက်သွားခြင်း။

Safe area [Short Stories-]Where stories live. Discover now