"ကိုယ်တို့ဘဝတွေက ပုံပြင်တစ်ပုဒ်ပဲဆိုရင်
အဲဒီပုံပြင်က ဘာgenreဖြစ်မယ်ထင်လဲ၊ မေ ..."အင်ဂရစ်(ဒ်)က မေပြောခဲ့တဲ့ စကားကို အခြေခံပြီး အရောင်စုံ အတက်အကျ များတဲ့ မေ့ အတွေးအတောတွေကို ဆက်လက်ကြားသိရဖို့ဆန္ဒနဲ့ သူမ ရင်ဘတ်ကို အကြိမ်ကြိမ် လာရောက် ယားယံတုန်ခါစေတဲ့ မေ့ရဲ့ဦးနှောက်ကို စိတ်နဲ့လှမ်းထိကာ မေးလိုက်တယ်။
မေ ဟာ ရုတ်တရက် အဖြေကို အလွယ်တကူ ရွေးချယ် ပြောပြလိုက်ဖို့ နှေးကွေးသွားတယ်။
ပုံပြင်တွေကို အမျိုးအစားခွဲခြားပြီး သတ်မှတ်ဖို့က တကယ်တော့ မလုံလောက်တဲ့ကြိုးစားမှုတစ်ခုပဲ မဟုတ်ဘူးလား။ ဘဝတစ်ခုလုံးက၊ ချစ်ခြင်းမေတ္တာအကြောင်း လေ့လာသင်ကြားရင့်သန်မှုတွေအကြောင်း ပျော်ရွှင်နွေးထွေးမှုနဲ့ အခိုက်အတန် ့တိုင်းရဲ့ လေးနက်တဲ့အဓိပ္ပာယ်တွေအကြောင်း ဖြစ်နေနိုင်သလို၊ တချို့ဝမ်းနည်းဖို့ကောင်းတဲ့ အစိတ်အပိုင်းတွေမှာလည်း စိတ်ပျက်ရွံရှာဖွယ် ပရိဒေဝ ေသာက ဆင်းရဲတွေ မျှော်လင့်ချက်ပျောက်ချိန်တွေ အနှောက်အယှက် အခက်အခဲတွေနဲ့ ခဏလောက်ပဲဖြစ်ဖြစ် စည်းချက်မဲ့သွားဖို့ ကြုံတွေ့ရမယ့် ညှင်းဆဲရေး နေ့ရက်တွေကလည်း ရှိနေနိုင်သေးတာပဲလေ။ ဒီတော့ ဘဝတစ်ခုလုံးရဲ့ပုံပြင်က အသားတွေ အသီးအရွက်တွေ ဟင်းခတ်မှုန့်တွေ ထောပတ်တွေ စားသုံးဆီတွေ သည်လို၊ မတူညီတဲ့ ပါဝင်ပစ္စည်းတွေ အများကြီး ရောစပ်ချက်ပြုတ်ထားတဲ့ စားစရာတစ်ခုလိုပဲပေါ့။ အရေးကြီးတဲ့အချက်လို့ မေ ထင်တာကတော့ လူတိုင်းရဲ့ပုံပြင်တစ်ခုချင်းစီက အရသာတစ်မျိုးစီ ကွဲပြားနေမယ်ဆိုတာပဲ။ တချို့ပုံပြင်တွေက သည်းခံမရလောက်အောင် ဆိုးရွားနေမယ့်အချိန်မှာ၊ တချို့ပုံပြင်တွေကလည်း ထူးခြား လှပ သိမ်မွေ့ပြင်းထန်ပြီး ထိုက်တန်တဲ့ ခုတ်မောင်းမှုတွေနဲ့ ဖြစ်ရှိနေကြမှာ အမှန်ပဲလေ။
နောက်ဆုံး တကယ်က ကိုယ့် ပုံပြင်ကို ကိုယ်တိုင်က ကိုယ် အတတ်နိုင်ဆုံးနဲ့ ကိုယ် လိုချင်တဲ့ အရသာအတိုင်း ရှင်သန်နေထိုင်လိုက်ဖို့ပဲ။မေတို့ဘဝတွေဟာ ဘယ်လို genreအောက်က ပုံပြင်ရှည်တစ်ခုထဲမှာဖြစ်ဖြစ်၊ မေနဲ ့အင်ဂရစ်(ဒ်)တို့ ချည်နှောင်ခွင့်ရခဲ့တဲ့၊ ပြီးတော့ ဒီည နှစ်ယောက် အတူတူရှိနေခဲ့ရတဲ့ အခိုက်အတန် ့တွေအားလုံးကတော့ တန်ဖိုးရှိတဲ့ ပုံပြင်ရဲ့နှလုံးသွေးတွေအဖြစ် အမှန်တကယ် ကျန်ရစ်နေခဲ့မှာပါပဲ။

YOU ARE READING
Ingrid Sleeps Over at May
Mystery / Thrillerပုံပြင်ထဲက ပုံပြင်တွေရဲ့ပုံပြင်တွေနဲ ့ ပုံပြင်တွေပြောပြတဲ့ ပုံပြင်တွေထဲက ပုံပြင်တွေ