Unicode

2.8K 249 22
                                    


မျက်လုံးတွေကို ကြည့်ရုံနဲ့တင်
မင်းနှုတ်ခမ်းလေး ပြုံးနေခဲ့မှန်း
ငါသိနေပါတယ်

___________________

In 15, April, 2021

ဖြတ်!

ခပ်ကျယ်ကျယ်ထွက်လာတဲ့ အသံတစ်ခုက ဝမ်ရိပေါ်ရပ်နေသည့်ဘေးမှ။ အသံလာရာကို သိလိုစိတ်ကြောင့် လှည့်​​ကြည့်တဲ့အခါ သူ့ဘေးမှာ ရပ်နေတဲ့ လူတစ်ယောက်ဟာ camera ကိုချိန်ရွယ်လို့။

သူရပ်ကြည့်နေတဲ့ အခိုက်မှာတောင် ဒီလူဟာ မီးပွိုင့်ကို တဖြတ်ဖြတ်မြည်အောင် ရိုက်နေဆဲ။ မီးနီပြနေတဲ့ traffic light ကို သဘောတကျရိုက်နေတာကတော့ မဖြစ်သင့်ဘူးမဟုတ်လား။

သွားပြီ။ အတတ်ကြူး အရူးဖြစ်တွေက လူ့လောကမှာ ပေါများလာခဲ့ပြီ ထင်ပါရဲ့။

ဝမ်ရိ​ပေါ်ရပ်ကြည့်နေတဲ့ ထိုသူက ကျေနပ်သွားဟန်ရမှ လက်ထဲက camera ကို မျက်နှာရှေ့ကနေဖယ်ခွာလိုက်ပြီး သူ့ကိုလှည့်ကြည့်တယ်။

ဝဲကာကျနေတဲ့ ရှေ့ဆံပင်တွေအောက်မှာ မျက်ဝန်းညိုတွေရှိတယ်။ မျက်တောင်ရှည်တွေက မျက်အိမ်ကျယ်တွေကို ပိုလှစေဖို့ အားဖြည့်ဖော်ကျူးနေကြတာမျိုး။ ကြည်တောက်နေတဲ့ မျက်ဖန်၊ ဦးတည်ရာမပြောင်းတဲ့ အကြည့်တွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် မျက်ဝန်းတွေက သူ့ကို စကားပြောနေတယ်လို့တောင် ထင်ချင့်စရာကြီး။

ဝဲကာကျနေတဲ့ ရှေ့ဆံပင်တွေအောက်မှာ မျက်ဝန်းညိုတွေရှိတယ်။ မျက်တောင်ရှည်တွေက မျက်အိမ်ကျယ်တွေကို ပိုလှစေဖို့ အားဖြည့်ဖော်ကျူးနေကြတာမျိုး။ ကြည်တောက်နေတဲ့ မျက်ဖန်၊ ဦးတည်ရာမပြောင်းတဲ့ အကြည့်တွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် မျက်ဝန်းတွေက သူ့ကို စကားပြောနေတယ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဝမ်ရိပေါ်က မျက်ရစ်ထင်းတဲ့ မျက်လုံးဝိုင်းတွေကို သိပ်သဘောကျတာ။ သဘောကျတဲ့အရာတွေကိုဆို ငေးကြည့်ချင်တော့တာပဲ။ ငေးကြည့်ပြီးရင် ဖမ်းလည်းယူချင်သေးတယ်။

Monopoly [one shot]Where stories live. Discover now