Part...26

620 33 7
                                    

For Unicode

ဆေးရုံဝန်း၏ အလယ်တွင် တစ်ယောက်တည်း ပျာယာခတ်နေသည့် ကောင်လေးတစ်ယောက်ဟာ ဘာကိုမှအာရုံမရဘဲ ကြောင်အမ်းအမ်းဖြစ်နေခဲ့သည်။

မခြောက်သေးတဲ့ မျက်ရည်စတွေက ပါးပြင်မှာ စိုစိုရွဲလို့။

ထယ်ယောင်းကို ဆေးရုံခန်းတစ်ခန်းမှာထားကာ ဆရာဝန်စစ်ဆေးပေးနေချိန်တွင် ဟိုဝန်းတစ်ယောက် နှုတ်ခမ်းကိုက်ကာ ငြိမ်ငြိမ်လေးရပ်နေမိသည်။

"ဟိုဝန်း..."

"အစ်ကိုကြီး"

ဟိုဆော့ကိုမြင်သည်နှင့် ဟိုဝန်းကပြေးဖက်၏။

"အစ်ကိုထယ်ယောင်း နေမကောင်းဘူးထင်တယ်...ဆရာက အရေးပေါ်ခန်းသွားစရာမလိုဘူးလို့ပြောလို့သာ...ကျွန်တော်တော့ မယုံပါဘူး။အစ်ကို့မျက်နှာက ဖြူဖတ်နေတာပဲ"

ဆရာဝန်ကို ရှေ့ထားကာ ဆောင့်ဆောင့်အောင့်အောင့် ပြောနေတဲ့ ဟိုဝန်းကြောင့် ဟိုဆော့ အားနာသွားမိသည်။ဆရာဝန်ကြီးကို တစ်ချက်မော့ကြည့်မိတော့ သူတို့ကို အာရုံရှိပုံမရလို့ တော်ပါသေး၏။

ထယ်ယောင်းလက်ကောက်ဝတ်က အရာအချို့ကို စစ်ဆေးပြီးနောက် ဆရာဝန်ကြီးဟာ ဟိုဆော့တို့ညီအစ်ကိုကို လူနာနဲ့ ဘယ်လိုဘယ်ပုံပတ်သတ်ကြောင်းမေးသည်။

ထို့နောက် လူကြီးလည်းဖြစ်၊ဆရာဝန်တစ်ယောက်လည်းဖြစ်သော ဟိုဆော့ကိုသာ ကျန်ရစ်စေကာ ဟိုဝန်းကို အပြင်ထွက်ဖို့ပြော၍ Nurseအား အခန်းတံခါးကိုပိတ်ချစေသည်။

ထို့ကြောင့် အခန်းထဲတွင် ဆရာဝန်ကြီး၊ဟိုဆော့နှင့် သူနာပြုနှစ်ယောက်သာ ကျန်ခဲ့တော့သည်။

"လူနာက အားနည်းနေတယ် နောက်ပြီးအအေးမိနေပုံပဲ...ဆရာမရှင်း ငါခုနကပြောတဲ့ ဆေးတွေ အသင့်ပြင်ထားပေး...ဆရာမဂိုက လူနာရဲ့ အင်္ကျီတွေချွတ်ပေးပါ"

ဆရာဝန်ကြီး၏ စကားအဆုံး သူနာပြုဆရာမဟာ ထယ်ယောင်းရဲ့ အပေါ်ဝတ်ကုတ်အကြီးကြီးကို ချွန်ဖို့ပြင်တော့ မနေသာစွာ ဟိုဆော့ဝင်ကူပေးလိုက်သည်။အောက်ခံတီရှပ်ကိုပါ ချွတ်ပစ်ပြီးသည်အထိ အရာရာဟာ ပုံမှန်အတိုင်းသာ။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Tempat cerita menjadi hidup. Temukan sekarang