"ဟေ့ကောင် ငါတို့လာတယ်"
Company စာရင်းဇယားတွေလုပ်နေတုန်း သူ့ရုံးခန်းထဲကို ဝင်လာတဲ့ ခေတ်နဲ့ဗညား။
"ဘာလာလုပ်တာလဲ"
"ငါ့တို့၂ယောက်ကျ Companyတစ်ခုလုံးကြီး ပစ်ပေးခဲ့တဲ့ သခင်လေးကို လာကြည့်တာ"
"အေးလေ Fire Companyဦးစီးကတည်းက ငါတို့ဆီကို မလာတဲ့ သစ္စာဖောက်ကောင် နက် "
၂ယောက်သား လူကို မဲ့ရွဲ့ကာအပြစ်ပြောနေကြလေသည်။သူတို့၃ယောက်အတူတူတည်ထောင်ထားတဲ့ KBK Companyကို ခေတ်နဲ့ဗညား လွှဲပေးခဲ့ပြီး သူ့ကတော့ ဒယ်ဒီအမွေဆက်ခံခဲ့သည်။အစတုန်းက KBK Companyကိုပါ သူယူထားတဲ့အပိုင်းကို ဆက်ဦးစီးမယ်ဆိုပြီးဟို၂ကောင်ကို ပြောတော့ Company၂ခုကို တပြိုင်နက်တည်း ဝင်လုပ်ရအောင် မင်းက စွမ်းအားရှင်လားဆိုပြီး ပြောခဲ့တဲ့၂ကောင်ကြောင့် နောက်ဆုံးတော့ Fire companyကြီးကိုသာ ဦးစီးစေပြီး သူကိုတော့ ဒီCompanyရှယ်ယာဝင်အဖြစ်သာနေစေခဲ့၏။ခေတ်နဲ့ဗညားက နက်အတွက်တော့ ဆိုးအတူကောင်းအတူတူနေပေးခဲ့တဲ့ သူငယ်ချင်းကောင်းတွေပင်။
"ငါမအားလို့ပါ မင်းတို့ဆီမရောက်ဖြစ်တာ Company အဆင်ပြေရဲ့လား"
"မင်းမလို့ မေးရက်တယ်နော် ခွေးကောင် နက် Ray ကို ဘာလို့ခေါ်သွားလဲ ငါ့တို့မှ အတွင်းရေးမှူးရွေးဖို့ဘယ်လောက်တောင် အလုပ်ရှုပ်သွားလဲသိလား"
စားပွဲပေါ်က တစ်ရှူးဘူးဖြင့် သူ့ထိုင်နေတဲ့နေရာကို လှမ်းပေါက်ကာ ပြောသော ဗညားကြောင့် နက် ရီနေမိလိုက်သည်။တခြားသူဆို နက် ရဲ့အကျင့်စရိုက်နဲ့အဆင်မပြေသည့်အပြင် အလွယ်တကူ လူတွေကို မယုံတတ်တာကြောင့် သူတို့၃ယောက်လူယုံအတွင်းရေးမှူးဖြစ်တဲ့ Rayကို သူနဲ့အတူတူ Fire Companyတွင် သူ့အတွင်းရေးမှူးလူယုံအဖြစ်ခေါ်လာခဲ့လိုက်သည်။
"ခုတော့ အတွင်းရေးမှူးရှာရပြီလား"
"အတွင်းရေးမှူးမခေါ်တော့ဘူး ငါ့တို့၂ယောက်ဘဲ Boss ငါ့တို့၂ယောက်ပဲ အတွင်းရေးမှူးလုပ်လိုက်တော့တာ တခြားသူဆို Rayလောက်အဆင်ပြေမယ်မထင်ဘူး"
"Rayကို ပြန်ခေါ်သွားမလား ငါဘာသာအတွင်းရေးမှူးအသစ်ရှာလိုက်မယ်"
ESTÁS LEYENDO
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023