Unicode
................Mနိုင်ငံရဲ့ လေဆိပ်ကနေ ဆင်းသက်လာတဲ့ ကိုယ်ပိုင်လေယာဥ်တစ်ခုတွင် သားအဖနှစ်ယောက်အပါအဝင် ကိုယ်ရံတော်များစွာက အစောင့်အရှောက် ခြံရံလျှက် လိုက်ပါလာကြသည်။
သူတို့အားလုံးက လေဆိပ်ဝင်းထဲရှိ အသင့်ရောက်ရှိနေပီးဖြစ်တဲ့ အနက်ရောင်ကားသုံးစီးပေါ်သို့ တက်သွားကြပီး ရွှေတောင်ကြားက မာန်အိမ်တော်သို့ ပြန်လာကြသည်။ ကလေးငယ်ကတော့ ပထမဦးဆုံးရောက်ဖူးတဲ့နေရာမို့လားမသိ ယခင်ကထက် ပိုမိုတက်ကြွစွာနဲ့ ပြတင်းပေါက် ဘေးဘီဝဲယာကို စိတ်ဝင်တစားဖြင့်ကြည့်လို့နေသည်။
သူသဘောကျရာ တစ်ခုခုတွေ့ရင် လက်ညှိုးလေး တထိုးထိုးဖြင့် အော်ပြောတတ်ပီး သူရဲ့စိမ်းပြာရောင် မျက်ဝန်းနုနုလေးသည်လည်း တဖျတ်ဖျတ်နဲ့တောက်ပလို့နေသည်။ ကလေးအဖေကြီးကတော့ သူ့သားလေးကို အပြုံးဖြင့်သာကြည့်နေလေသည်။
တစ်ဖက်ရှိ မာန်အိမ်တော်တွင်လည်း အိမ်ရှိသခင်လေးတို့သားအဖပြန်လာမည် ဆိုတာကြောင့် ပြင်ဆင်နေမှုများပြုလုပ်နေကြသည်။ သခင်လေးတို့က ထူးထူးခြားခြား ဒီမာန်အိမ်တော်ကို ဦးဆုံးလာလည်မည်ဆိုတာကြောင့် သေချာပြင်ဆင်ကြသည်ဆို ပိုမှန်လိမ့်မည်။
ကားနက်သုံးစီးလုံး ခြံဝင်းထဲသို့ဝင်သွားကာ စင်ဝင်အောက်သို့ရပ်လိုက်တော့သည်။ ကားအတွင်းရှိ အနက်ရောင်ဝတ်စုံဖြင့် ဘော့ဒီဂတ်တွေအရင်ဆင်းလာကာ ကားတံခါးကိုဖွင့်လိုက်ပီး အထဲကသူတို့သခင်ကိုဆင်းစေသည်။
မင်းစစ် မရောက်တာကြာပီဖြစ်တဲ့ အိမ်တော်ကြီးကို တစ်ချက်ကြည့်လိုက်ပီး အိမ်ပေါက်ဝတွင် အဖွားဖြစ်သူက သူ့အားဆီးကြိုနေပီး အပြုံးတို့ကိုကြည့်ရုံဖြင့် မည်မျှပျော်ရွှင်နေသည်ကို တွေ့မြင်နိုင်သည်။
''မြေးစစ်... ''
''နိုင်း.... ''
''လာကြ...လာကြ... ဒီဘွားအေ စောင့်နေတာ.. မင်းတို့ပြန်လာမယ်ဆိုလို့ အိမ်ကိုသေချာသန်းရှင်းရေးလုပ်ခိုင်းထားသေးတယ်''
''အိုး...နိုင်းရယ်.. ပင်ပန်းခံလို့''
ဒေါ်နန်းသူဇာ စစ်သွေးရင်ခွင်ထဲက ကလေးကိုမြင်ကော....
YOU ARE READING
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...