30.ခေါက်ဆွဲက စပ်လိုက်တာ

799 101 12
                                    

Unicode ver....

30. ခေါက်ဆွဲက စပ်လိုက်တာ

လူတွေက ပြောကြတယ် လူတစ်ယောက်ဟာ အရမ်းချစ်မိသွားပြီဆိုရင် သူ့ရဲ့ ဦးနှောက်က သူ့ရဲ့ ချစ်သူကို ဘယ်လောက်ပဲ မေ့နေပါစေ သူ့ရဲ့ နှလုံးသားကတော့ ထိုလူကို မမေ့ပါဘူးတဲ့။

အသေးအဖွဲ့ကအစ မှတ်မိနေတာမျိုးတဲ့။ အခုချိန်မှာ လူ့ပြည်မှာမလို့ ယခု သခင် လုပ်နေသမျှက ကျွန်တော့်ကို သူ့ရဲ့နှလုံးသားက မှတ်မိနေသေးတယ်လို့ ယူဆလို့ ရပါမလား။

ရှောင်းတစ်ယောက် သူ့ရဲ့ ခေါက်ဆွဲပန်းကန်ကို ဆွဲယူပြီး အရင် သမားတော်လေးဘဝတုန်းက သူ့ကို ဂရုစိုက်ပေးဖူးသလို အဆာပလာတွေထည့်ပြီး အရသာပိုကောင်းအောင် လုပ်ပေးနေတဲ့ ဝမ်ကို မျက်ရည်အဝဲသားနဲ့ ငေးနေမိလေသည်။

ဝန်ခံလိုက်ပါတော့လားသခင်ရယ် "ကျွန်တော် မှတ်မိနေပြီ" ဆိုပြီးတော့လေ။ တကယ်ကို ကြာရင် ကျွန်တော်တော့ ဒီခံစားချက်ကြောင့် ရူးရတော့မှာပဲဗျာ။

"ရှောင်းကျန့်~~~ရှောင်းကျန့်~~~ရှောင်း!!!"

"ဗျာ! ဗျာသခင်~~~"

သူ့မျက်နှာကို ငေးပြီး မျက်ရည်အတွင်တွင်စီးကျနေတဲ့ ရှောင်းကြောင့် ဝမ်မှာ ထိပ်ထိပ်ပြာပြာနဲ့ ခေါ်လိုက်ပေမဲ့ အသိစိတ်ကပ်မနေတဲ့ ရှောင်းကြောင့် လူသားဘဝက ခေါ်နေကြ နာမ်စားလေးက နှုတ်ဖျားကနေ စိုးရိမ်တကြီး ထွက်သွားရလေသည်။

ရှောင်းက ပြန်ထူးသံလေးနဲ့ အတူမျှော်လင့်တကြီး ကြည့်လာတော့မှ သူခေါ်မိတဲ့ နာမ်စားကြောင့် စကားတွေ ဆက်မဆိုနိုင်ပဲ အဓိပ္ပါယ် ဖော်ရခက်တဲ့ မျက်နှာပုံစံလေးနဲ့ ငြိမ်သက်သွားလေသည်။

"သခင္??"

"စားတော့ ရပြီ ငိုမနေနဲ့~~~"

~ရွတ်!~

"~~~~"

"အာ~~~ခေါက်ဆွဲက စပ်လိုက်တာ မျက်ရည်တောင် ဝဲလာသလိုပဲ ရွှတ်!"

"~~~~"

သူမေးမြန်းချင်ဟန် ခေါ်တော့မှ ဝမ်ရဲ့ မျက်ဝန်းလှလှလေးတွေထဲ အလုအယက် ပြေးဆင်းလာတဲ့ မျက်ရည်စက်တွေကို ဝမ်က ကမန်းကတမ်း သုတ်ပစ်ပြီး ပါးစပ်ထဲကို ခေါက်ဆွဲကို ပလုတ်ပလောင်းထိုးထည့်ပြီး နှာရည်တစ်ရွတ်ရွတ်နဲ့ ခေါက်ဆွဲ
စပ္ကြောင်း ပြောလာတာကြောင့် ဟန်ဆောင်မကောင်းသူလေးအလိုကျ ရှောင်းက ဘာမှ ဆက်မေးမနေတော့ပဲ ဝမ်ပြင်ဆင်ပေးတဲ့ ခေါက်ဆွဲကို ပလုတ်ပလောင်း စားရင်း သူလည်း ကျချင်နေတဲ့
မျက်ရည်ကို စိတ်ဆန္ဒအလိုကျ ကျဆင်းခွင့်ပေးလိုက်လေတော့သည်။

Let me Cherish you, My Lord  (ZSWW) [complete]Dove le storie prendono vita. Scoprilo ora