🌻-(7)

615 49 5
                                    

ဖုန်းလာနေတာ မြင်သော်လည်း စကားမပြောချင်သောသူဖြစ်တာကြောင့် မောင်မကိုင်ဘဲ ဒီအတိုင်းထားလိုက်သည်။

သိပ်မကြာခင်မှာ မောင့်ဖုန်းထဲ Kang BeomGyu ဆိုတဲ့ nameနဲ့ ဖုန်းဝင်လာပြန်တော့ မောင်ဟာအပြုံးလေးနဲ့ ဖုန်းကိုင်သည်။

"ဂန်ထယ်ဟွန်းလား"

"ခင်ဗျား! ..ချွဲယောန်ဂျွန်း ဘာကိစ္စ ငါ့ချစ်သူဖုန်းနဲ့ဆက်တာလဲ!!!"

"ငါ မင်းကို ငါ့ဖုန်းနဲ့ဖုန်းခေါ်တာပဲ မင်းမှမကိုင်တာ...ဂယူးဖုန်းယူဆက်ရတာပေါ့...ငါသွားတဲ့လမ်းမှာ ‌ကားတိုက်တာတွေ့လို့ ကြည့်မိတော့ ဂယူးနဲ့ကလေးတစ်ယောက်ဖြစ်‌ေနလို့ နီးစပ်ရာဆေးရုံကို လိုက်ပို့‌ ပေးထားတယ် ဂယူးကမင်းကိုပဲ ခေါ်ပေးပါဆိုလို့ မင်းဆီအကြောင်းကြား‌တာ ဒါရိုက်ဘာဦးလေးကြီးကတော့ အတော်လေးထိခိုက်သွားတယ် ဂယူးကလည်ပင်းကို ကားမှန်ကွဲစိုက်သွားပင်မဲ့ အရမ်းကြီးတော့မစိုးရိမ်ရဘူး ကလေးလေးက ဂယူးဖက်ထားလို့ ဘာမှမဖြစ်ပင်မဲ့ အရမ်းလန့်သွားလို့ ငိုနေတယ်"

"အခုချက်ချင်းလိုက်လာခဲ့မယ်"

ဂျောင်းဝန်းကိုအိမ်ရောက်လာမှာမလို့ ပျော်ရွှင်နေတဲ့ နေ့ကြမှဘယ်လိုဖြစ်ရတာလဲ။

ဂျောင်ဝန်းကိုချီပြီး ချော့နေတဲ့ ယောန်ဂျွန်းကြောင့် မောင့်ရဲ့စိတ်အလိုမကျမှုက ပေါ်လာသည်။မောင့်ဒဏ်ရာတွေထဲကတစ်ခုဆို ပိုမှန်မလားဘဲ။ အမေက အဖေ့ကိုထားခဲ့ပြီး‌ေနာက်လိမ္မာထက်မြက်သောသားဆိုတဲ့အမည်နဲ ချွဲယောန်ဂျွန်းက အမေလုသွားသည်ဟု ကလေးဘဝက ထုတ်မပြောချင်တဲ့ စိတ်အားငယ်မှုတစ်ခုဖြစ်သည်။

အခုလည်း ချစ်လွန်းလို့ သားအဖြစ်တောင်မွေးစားမဲ့ ကလေးလေးကို ချော့မြူနေသည်ကို အလိုမကျနိုင်။

"ခင်ဗျားပြန်လို့ရပါပြီ ချွဲယောန်ဂျွန်း"

"ဒယ်ဒီ"

မောင့်ကိုမြင်တာနဲ့ သားရဲ့မျက်လုံးလေးတွေကအရောင်လက်လာပြီး လက်ပိစိလေးတွေနဲ့ဖက်တွယ်လာသည်။

"ကားကြီးက ဝုန်းဝုန်းဆိုပြီး လမ်းဘေးက သစ်ပင်ကြီးကို ဝင်တိုက်မိသွားတာ သားမျက်လုံးဖွင့်ကြည့်တော့ ပါးပါးလည်ပင်းမှာ သွေးတွေအများကြီးပဲ"

Love in the Criminal {Completed}Where stories live. Discover now