လူသူကင်းမဲ့ကာ လမ်းမီးရောင်ဖျော့ဖျော့သာရှိသည့်လမ်းမကြီးထက်တွင် ဦးတည်ချက်မဲ့စွာ လမ်းလျောက်လာသူတစ်ဦး။
နာကျင်စရာအတိတ်ကိုပြန်တွေးမိတော့ ခပ်မဲ့မဲ့ရီမိလိုက်သည်။ 'ဟုတ်သားပဲ~ကိုကိုကအစကတည်းက သူ့ကိုလိုလားခဲ့သည်မှမဟုတ်ဘဲ။အမြဲအထင်သေးရှုံ့ချတဲ့အကြည့်နဲ့ကြည့်ကာ သိုက်တူးသမား ငွေရရင်ဘာမဆိုလုပ်တဲ့အပျက်ကောင်'ဟု ပြောတတ်သေးသည်။ ကိုကို့ရဲ့စိတ်ကဒီလိုဆိုတာကိုသိနေခဲ့တာတောင့်ကိုကို့မိဘတွေရဲ့လက်ထက်မှုတောင်းဆိုခြင်းကိုမိုက်ရူးရဲစွာ ခေါင်းငြိမ့်ခဲ့မိသည်။ ကိုကို့ဘက်ကနာကျင်ရတဲ့စကားလုံးတွေပြောတိုင်း မနာတတ်သူလိုအပြုံးနှင့် ကိုကိုပြောသမျှကိုသည်းခံလာခဲ့သည်။ ကိုကိုသူ့ကိုလက်ထက်ထားသည်ကလည်းကိုကို့ရဲ့အမေ ၊ ကြီးကြီးကအတင်းတိုက်တွန်းကာခြိမ်းခြောက်ထားခြင်းကြောင့်ပင်။ ကိုကို့အမေထိုသို့လုပ်ရခြင်းမှာ ကိုကိုကပွေရှုပ်လွန်းလှသည်။ထို့ကြောင့်ငွေမက်ပီးမတော်တရော်လူတွေနှင့်တွေ့သွားမှာစိုးတာကြောင့်သူ့ကိုကမ်းလှမ်းလာသည်။ ကြီးကြီးတို့က ကျွန်တော့်ကိုထောက်ပံ့ပေးထားသူဖြစ်သည်။ ကျွန်တော်က ညောင်သာယာလို့ခေါ်တဲ့မန္တလေးမြို့တစ်နေရာအနည်းငယ်ချောင်ကျသည့်ရွာလေးမှာအဒေါ်နှင့်အတူနေသူဖြစ်သည်။ ကြီးကြီး၏မွေးရပ်ဇာတိရွာဖြစ်တာကြောင့် ရွာသို့ပြန်လာကာ ရွာထဲရှိရဟန်းခံချင်သူများကိုသင်္ကန်းပရိတ်ခရာအစုံအလင်ဖြင့်သာသနာ့ဘောင်သွတ်သွင်းပေးပီးအလှူပွဲကြီးကျင်းပပေးခဲ့သည်။ ထိုသည်တွင် မိဘနှစ်ပါးလုံးဆုံးပါးကာအဒေါ်ဖြစ်သူနှင့်အတူနေသည့်ကျွန်တော်။
စီးပွားရေးမပြေလည်တာကြောင့်ဆယ်တန်းအောင်ထားပေမဲ့ ကျောင်းဆက်မတက်တော့ပဲအဒေါ်ဖြစ်သူ၏လုပ်ငန်းများကိုဝင်ကူပေးသည်။ကြီးကြီးကကျွန်တော့်အကြောင်းကိုသိတော့ အဒေါ်တို့ဆီမှာခွင့်တောင်းလာသည်။
ကျွန်တော့်ကို မြို့ကိုခေါ်ပီးကျောင်းဆက်ထားပေးမယ်ဆိုပီးတော့ပေါ့။ဒေါ်ဒေါ်ကလည်းပညာရေးတပိုင်းတစဖြစ်နေသည့်ကြောင့်လိုက်သွားရန်ပြောသည်။ကျွန်တော်တွေးမိသည်။ ထိုနေ့ကကျွန်တော်သာလိုက်မသွားခဲ့ရင် ကိုကိုနဲ့တွေ့မိမှာမဟုတ်သလို ကိုကို့ကိုလည်းချစ်ခဲ့မိမှာမဟုတ်ဘူး။ကျွန်တော်မှတ်မိသေးတယ် ကိုကို့ကိုဖွင့်ပြောခဲ့တဲ့နေ့က ခပ်ရွဲ့ရွဲ့ရီကာ...
YOU ARE READING
🌻မြတ်နိုးမိသော နေကြာငယ်🌻(One Short)
Short Story🌻"နေမင်းကြီး" ရှိတဲ့အရပ်ကိုမျက်နှာမူပြီးပွင့်တဲ့🌻 🌻"နေကြာပန်း"ကလေးလည်း......🌻 🌻"နေမင်းကြီး" ကိုကျောခိုင်းထားချင်ပြီ🌻 🌻ပူလောင်လွန်းနေပီလေ......🌻