အပိုင်း(18)uni&zgi

677 36 1
                                    


လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(18)

တခြားတဖက်က စုန့်ထင်ရှန်းမှာတော့ သူ့ရဲ့မျက်ခုံးတွေကိုပင့်မိသွားတယ်

အဆင်းအချင်းရနံ့နဲ့ပြည့်စုံနေတဲ့မိန်းက‌လေးလို့မပြောရဘူး ဘေးနားမှာဝိုင်းနေတဲ့ပျားတွေကလဲအများသားလား

သူကလဲ ဒီလိုယှဉ်ပြိုင်ပြီးရယူရတာကမှ ပိုတန်ဖိုးရှိတယ်လို့ထင်တာ

ဒါကြောင့်ပဲ လူပြောများတဲ့အပြုံးကိုတပ်ဆင်လိုက်ပြီး သူမနားကပ်သွားကာ

"ယွမ်ယွမ် မင်းအတွက် "

"ကျေးဇူးပါ မစ်စတာစုန့် "

သူမက ယဉ်ကျေးမူ့အရလက်ခံလိုက်ပြီး ချက်ချင်းပဲ ဝူလင်းယန်လက်ထဲလွှဲပြောင်းပေးလိုက်တယ်

စုန့်ထင်ရှန်း မျက်နှာတင်းခနဲဖြစ်သွားပေမဲ့ သူမဘာကိုမှအရေးမယူတာတွေ့တော့ မသိသလိုပဲဟန်ဆောင်နေလိုက်တယ်

"ရပါတယ် ဒါနဲ့ ညနေအားလား ကိုယ်နဲ့အတူရုပ်ရှင်သွားကြည့်ရအောင် "

"ကျွန်မစီစဉ်ထားတာရှိပြိးသားမို့ပါ "

"ဘယ်သူလဲ "

"မစ်စတာစုန့် ရှင်နဲ့ကျွန်မအရမ်းမခင်သေးတဲ့အပြင် တစ်ယောက်အကြောင်းလဲတစ်ယောက်မသိကြသေးဘူး ဒါကြောင့် ကျေးဇူးပြုပြီးစည်းလေးရှိပါ"

သူမကတင်းမာပြီးပြတ်သားတယ် တခြားမိန်းကလေးတွေမှာမရှိသ‌ေလာက်ရှားပါးတဲ့သဘောထားပဲ

စုန့်ထင်ရှန်း ရင်ထဲက သဘောကျမူ့ကို အပြုံးနဲ့ဖော်ပြလိုက်ပြီး

့"တောင်းပန်ပါတယ် ကိုယ်လောသွားတယ် ဒါဆို မနက်ဖြန်ရော ?"

"မအားဘူး"

"သဘက်ခါရော?"

"ချိန်းထားတာရှိသေးတယ် "

ဒိတခါတော့ သူရိုက်ချခံလိုက်သလိုပဲ

သူ့ကိုကပ်လာသမျှမိန်းကလေးတွေအကုန်လုံးဟာ သူ့ရုပ်ရည်သူ့နောက်ခံကိုအသုံးချချင်ကြတာဖြစ်ရင်ဖြစ် မဟုတ်ရင်လဲ သူ့ကိုချစ်လွန်းလို့အချစ်မျက်ကန်းအဖြစ်တိုးဝင်လာချင်ကြတာချည်းပဲ

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now