Unicode ver....
31. ငါ့ယောက်ျားရဲ့ ရင်အုပ်ကျယ်ကြီး
ချမ်းစိမ့်စိမ့် ညသန်းခေါင် အချိန်မှာ အအေးဓာတ်ပိုတဲ့ လုံထန်ကြောင့် အအေးကြောက်တဲ့ သခင်ငယ်လေးက ကောင်းကောင်းအိပ်နေရင်းကနေ ပုဇွန်ထုတ်လေးလို ကွေးသွားရလေသည်။ မြင့်မြတ်တဲ့ ငြိမ်းချမ်းခြင္းပြယုဂ္ရဲ့ ရုပ်သွင်ပြင်နဲ့ဆိုပေမဲ့ သာမာန် ခန္ဓာကိုယ္နဲ့ လူသား ဖြစ်နေတာမို့ အအေးခံနိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပေ။
ဒါပေမဲ့ ခဏအကြာမှာတော့ နောက်ကျောဘက်ကနေ ရလာတဲ့ အနွေးဓာတ်လေးကြောင့် ဝမ်က အနွေးဓာတ်ဘက် မျက်နှာမူလို့ ထိုနွေးထွေးတဲ့ အရာဆီ ပိုတိုးလို့ ကပ်ပြစ်လိုက်လေသည်။
ခန္ဓာကိုယ်က အနွေးဓာတ်လုံလုံလောက်လောက်ရတော့မှ ဝမ်ကလေးက သူ့ရဲ့ပါးဖောင်းလေးကိုအသုံးပြုပြီး ထိုအနွေးလုံးကို တစ်ချက် နှစ်ချက်လောက် ပွတ်သပ်ပြီးသာနဲ့ ကျကျနနကို အိပ်ပျော်သွားလေပြီ ဖြစ်သည်။
ညသန်းခေါင်ရောက်တာနဲ့ အေးတော့မယ်မှန်း သိနေတဲ့ ရှောင်းက သခင်က အိပ်သွားပေမဲ့ သူက မအိပ်နိုင်စွာ တစ်ဖက်ကုတင်က အိပ်ပျော်သွားတဲ့ လူသားကို ငေးကြည့်နေလေသည်။ ဒီလိုနဲ့ ညသန်းခေါင်ရောက်တော့ ပုဇွန်ထုတ်လေးလို ကွေးသွားတဲ့ ခန္ဓာကိုယ္လေးကြောင့် အစွမ်းထုတ်မသုံးရတာကြောင့် သူ့သခင်ငယ္လေး နွေးသွားဖို့ရာ သခင်ရဲ့ ကျောပြင်ငယ်လေးဘက် ဖြေးဖြေးလေး ဝင်အိပ်ပေးလိုက်တော့ အကောင်ပေါက်လေးက သူ့ရင်ခွင်ထဲ ပိုပိုသာသာတိုးဝင်လာတာကြောင့် ရှောင်းခင်မျာ အသက်ပင် မရှူရဲလောက်အောင် ခန္ဓာကိုယ်ကြီး တောင့်တင်းသွားရလေသည်။
နိုးသွားပြီလားလို့ စိုးရိမ်တကြီးနဲ့ ရင်ခွင်ထဲက လူသားလေးကို ငုံ့ကြည့်ပေမဲ့ နိုးမနေတာ သိရတော့မှ စိတ်ချသွားရလေသည်။
သူက တယုတယလေး ထွေးဖက်ပေးလိုက်တော့ ချစ်ရသူလေးက ပြုံးပြီး ပါးဖောင်းအိအိလေးနဲ့ သူ့ရင်ဘတ်ကို ပွတ်သပ်လာတာကြောင့် ရှောင်းမှာ ပင့်သက်သာ ရှိုက်လိုက်မိလေသည်။
သခင်က လူကို အနုနည်းနဲ့ သတ်နေတာပဲဗျာ။
မို့မောက်နေအောင် ပင့်ရှိုက်လာတဲ့ ရင်အုပ်ကျယ်ကျယ္ထက်မှာ ပေါက်စီလုံးလေးလို ဖောင်းနေတဲ့ ပါးကလေးက ခွက်နေအောင်ကပ်ထားပြီး အသက်ရှူနှုန်း အလိုက် တက်လိုက် ကျလိုက် ဖြစ်နေသည်မှာ အနုပညာမြောက်လွန်းတာမို့ သောင်းကျန်းချင်နေတဲ့ စိတ်ဆန္ဒကို ချွန်းအုပ်ပြီး ရှောင်းခင်မျာ တံတွေးတမျိုမျိုနဲ့ အလှလေးကို ငေးကောင်းကောင်းနဲ့ ငေးပြစ်လိုက်လေသည်။
KAMU SEDANG MEMBACA
Let me Cherish you, My Lord (ZSWW) [complete]
Fiksi PenggemarPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...