1uni.zg

5.7K 283 4
                                    

မင်းသည်သာ..🍁🍁

        အပိုင်း (၁)

"ဒီလိုပြေးတာနဲ့..လွတ်မယ်ထင်နေတာလား.. ခင်ဗျား ဟမ်..ပြောစမ်းး"

စကားအသံနှင့် အတူတူ အကြမ်းပရမ်း ဆွဲကိုင်ခံလိုက်ရတဲ့ညာဘက်လက်ကောက်ဝတ်လေး တစ်ဆက်တည်းဆိုသလို..သူ့ကိုယ်လေးကိုစွေ့ကနဲမကာ ပခုံးပေါ်ကိုထမ်းခြင်းခံလိုက်ရလေသည်...။

"လွှတ် ချပေးစမ်း..ငါ့အိမ်ငါပြန်မှာမို့ လွှတ်ပေးပါ..."

"ခင်ဗျားအပေါက်ကိုပိတ်ထား..ကျုပ်ဒီထက်စိတ်တိုလာရင်...ခင်ဗျားကိုတစ်ခုခုလုပ်မိလိမ့်မယ်..."

ဒေါသများက ခြေလှမ်းပေါ်ကိုပုံချမိကာ...အိမ်ထဲဆီကိုခဏလေးအတွင်းနှင့် ရောက်လာခဲ့သည်...အိမ်ထဲရောက်သည်နှင့် အပေါ်ထပ်ကိုထပ်တက်လာကာ ..အခန်းတစ်ခုထဲကို ဝင်လိုက်လေသည်...ထိုအခန်းထဲရောက်သည်နှင့်. .ပခုံးပေါ်က လူကို မွေ့ယာပေါ်သို့ မညှာမတာပစ်ချလိုက်လေသည်..။

"အင့်...မင်း.."

မညှာမတာပစ်ချခံလိုက်ရတာကြောင့် ခါးကအောင့်သက်သွားရလေသည်....။

"မင်းဘာဖြစ်လဲဆက်ပြောလေ.. ဆက်ပြော..."

ဂျောင်ဂုအော်သံသည်..အိပ်ခန်းလေးထဲ၌ကျယ်လောင်စွာထွက်ပေါ်လာသည်...။

"ငါ့ကို..ပြန်လွှတ်ပေးပါ ..ငါမင်းနဲ့မနေချင်ဘူး..."

"အဟက်....ဆုတောင်းလေ...ဆုတောင်းလည်းပြည့်မနေဘူး"

"မင်း..သက်သက် ယုတ်မာတာ...မင်းကိုငါ..ဘာအပြစ်တွေများလုပ်မိလို့..ငါ့ကိုခုလိုဆက်ဆံနေရတာလဲ..."

"ရှင်းရှင်းလေးပါ..အဲ

ဒါလည်းခင်ဗျားအသိဆုံးပါ..."

"ဂျီယောင်းလေးဆုံးသွားတာ..ငါနဲ့ဘာမှမဆိုင်ဘူး...."

"ခင်ဗျား..သောက်ပါးစပ်ကိုပိတ်ထား..ခင်ဗျားပါးစပ်က..ကျုပ်ဂျီယောင်းလေးနာမည်ကိုခေါ်စရာမလိုဘူး...အမှန်ဆိုသေ..သင့်ခဲ့တာခင်ဗျား...."

"မင်း..မရိုင်းနဲ့နော်"

"ရိုင်းအောင်လုပ်ရင်..ရိုင်းရမှာပဲ..ဂျီယောင်းကခင်ဗျားကြောင့်..မသေသင့်ပဲသေခဲ့ရတာ.."

မင်းသည်သာ.🍁🍁🍁Where stories live. Discover now