For Unicode
ကျွီ...
တံခါးရဲ့တစ်ဖက်ခြမ်းမှာ ရပ်နေသည့် ထယ်ယောင်းဟာ ဂျောင်ကုကို စိတ်ပျက်စွာ ကြည်ရှု့နေခဲ့သည်။ထိုအကြည့်တွေမှာ ပြတ်သားမှုတွေ တစ်စွန်းတစ်စပါဝင်နေသေး၏။
"ပြန်လိုက်ခဲ့ ကင်မ်ထယ်ယောင်း..."
"ဟင့်အင်း ကွာရှင်းမယ်လို့ ပြောပြီးသားပဲ...ကွာမယ်"
ငြင်းဆန်နေသည့် ထယ်ယောင်းအား လက်ကောက်ဝတ်မှ ဆွဲကိုင်ကာ ဂျောင်ကု ခေါင်းမော့ရယ်မောလိုက်သည်။
"အချိန်တန်ရင် အိမ်ကိုပဲပြန်လာရမှာသိရက်နဲ့ ဘာလို့ထွက်ပြေးနေရတာလဲ။ကိုယ့်Amberက ပြေးတမ်းလိုက်တမ်းကစားရတာကို သဘောကျမှန်းမသိခဲ့ဘူး"
တရွတ်မတိုက်ရုံတမယ် ကြမ်းတမ်းမှုမျိုးနဲ့ ထယ်ယောင်းအား အကြမ်းနည်းသုံးကာ အိမ်ပြန်ခေါ်ခဲ့မိသည်။
မနေချင်သည့်လူကို လွှတ်မပြေးနိုင်တာကလည်း သူ့အတွက်တော့ ဝဋ်ကြွေးတစ်မျိုးပဲ။အိမ်ထဲရောက်သည်နှင့် အားကုန်သုံးကာ ခပ်ကြမ်းကြမ်းတွန်းချလိုက်တော့
Amberဟာ အားမရှိသည့်ပုံစံမျိုးနဲ့ ကြမ်းပေါ်ပုံကျသွားသည်။"လူယုတ်မာ"
"ထွက်သွားဖို့ မကြံနဲ့ Amber...ကိုယ်မင်းကိုချစ်တာသိတယ်မလား"
ထယ်ယောင်းလက်ဖဝါးလေးအား ဆွဲယူကာ ပါးပြင်ပေါ်ထိကပ်စေရင်း ဂျောင်ကုက လေပြေလေးနဲ့ ချော့မော့၏။
"ငါထွက်ပြေးမှာ"
စိတ်နှလုံးကို မီးလောင်တိုက်သွင်းနေတဲ့ စကားသံတွေကြောင့် ဂျောင်ကုရဲ့ စိတ်တွေ အရိုင်းဆန်လာရသည်။
သူချစ်တာကိုသိရက်နဲ့ Amberက ရက်စက်လွန်းတယ်။
ကြမ်းပေါ်ကလူအား အတင်းအကြမ်းမယူလို့ ကုတင်ပေါ်အား ပစ်ချလိုက်သည်အထိဂျောင်ကုကို အညံ့မခံသည့် မျက်လုံးတို့နှင့်ကြည့်နေဆဲ။
"သိမ်းထားမှာ...အခန်းထဲတံခါးပိတ်ပြီးသိမ်းထားမှာ"
ထယ်ယောင်းရဲ့ အင်္ကျီအား ဆွဲဖြဲလို့ ထိုအပိုင်းအစတွေနဲ့ ထယ်ယောင်းလက်ကောက်ဝတ်နှစ်ဖက်ကို ပူးချည်လိုက်သည်။လူ့စိတ်ကကြောက်စရာကောင်းသား။စိတ်ဆောင်နေတော့ မလုပ်နိုင်တာမရှိ။
ESTÁS LEYENDO
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fanficသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023