အပိုင်း တစ်ဆယ့်ရှစ်

2.5K 522 87
                                    

မိုင်ရာမီ ချစ်ပုံပြင်

အပိုင်း (၁၈)

“နိုးလာပြီ”

ရယ်(လ်)လာရဲ့ အသံအဆုံး အိမ်ရှေ့စံက ကုတင်အနားကို ချက်ချင်းရောက်လာခဲ့သည်။ ခပ်ကြောင်ကြောင်ဖြစ်နေတဲ့ ဂျီမင်းရဲ့ မျက်လုံးတွေကို အိမ်ရှေ့စံက အကဲခတ်သလိုကြည့်လိုက်ရင်း ကုတင်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

“ဂျီမင်း”

ခေါ်သံပြုလိုက်တော့ ကုတင်ပေါ်ကလူရဲ့ မျက်ဆန်လေးတွေက အိမ်ရှေ့စံဆီ ရွေ့လျားလာခဲ့သည်။ အာရွန်က အပြုံးတစ်ပွင့်နဲ့အတူ ဂျီမင်းကို နှုတ်ဆက်လိုက်သည်။

“အာရွန်”

“အင်း ငါပါ”

“အာရွန်”

“ငါရှိတယ်လေ”

ဂျီမင်းက အသိစိတ်တို့ ထိန်းချုပ်မရသေးသလို အိမ်ရှေ့စံရဲ့နာမည်ကိုသာ ဆက်တိုက်ခေါ်နေရင်း စိုက်ကြည့်နေခဲ့သည်။ ယင်းနောက်တွင် ကုတင်ပေါ်လှဲနေရာမှ ရုတ်ချည်းခေါင်းထူလိုက်ရင်း အိမ်ရှေ့စံရဲ့ လည်ပင်းကို တွဲခိုဖက်ကာ အော်ငိုတော့သည်။ 

“ငါ. . .ဒီအတိုင်း. . .သေသွားရတော့မယ်ထင်လို့”

မိုင်ရာမီအိမ်ရှေ့စံသည် အိပ်တဝက် ထတဝက်ဖြစ်နေတဲ့ ဂျီမင်းရဲ့ကိုယ်လေးကို ပြန်ဖက်ထားလိုက်ရင်း တုန်ခါနေသည့်ကျောပြင်ကို လက်နဲ့ဖွဖွပွတ်ပေးရင်း အနူးညံ့ဆုံးဆိုသလို နှစ်သိမ့်ပေးနေခဲ့သည်။

“စိတ်မပူနဲ့တော့။ သူတို့ မင်းကို လက်ဖျားနဲ့တောင်ထပ်မထိစေရဘူး”

ဂျီမင်းက ခေါင်းကိုဆက်တိုက်ငြိမ့်ပြလာသည်။ ထိုမြင်ကွင်းကို ရပ်ကြည့်နေခဲ့သူ မင်းသမီးငယ်လေးကတော့ ဘာရယ်ကြောင့်မသိ ကမ္ဘာလောကကြီးရဲ့ အပြင်ဘက်ကို ရောက်နေသလို ခံစားလိုက်ရသည်။

ဒဏ်ရာပရဗွနဲ့လူအပေါ် ကရုဏာသက်သင့်တာ မှန်ပေမဲ့လည်း ရင်ထဲက မနာလိုမိတယ် ဂျီမင်း။ အခုချိန်မှာ အသိချင်ဆုံးက ဂျီမင်းနဲ့အစ်ကိုတော်တို့ ဘယ်လိုပတ်သတ်နေကြတာလဲဆိုတာပဲ။

မိုင်ရာမီချစ်ပုံပြင်Où les histoires vivent. Découvrez maintenant