Part...28

657 38 18
                                    

For Unicode

အခန်းထဲက အခန်းပြင်ကိုမထွက်ဘဲ ပေတေနေမိနေတာ အချိန်အတော်ကြာပြီ။ထမင်းတောင် မစားနိုင်ဘဲ ငေးငိုင်နေမိတာက အမှားကြီးတစ်ခုများဖြစ်နေမလား။

ဆယ်ကျော်သက်အရွယ်ရဲ့ ရင်ခုန်သံဟာ မှားယွင်းပြီးဖြစ်ပေါ်လာခဲ့တာက ကိုယ့်အစ်ကိုအရွယ် ဆရာတစ်ယောက်အပေါ်မှာတဲ့လေ။
အမျိုးသားတစ်ယောက်ဖြစ်နေတာကို ကြိတ်မှိတ်လက်ခံနိုင်ခဲ့ပေမဲ့ အိမ်ထောင်သည်တဲ့လား။

ဒီလူကိုပဲ လေးလေးနက်နက်ချစ်ကြည့်ဖို့ ကြိုးစားနေချိန်မှာ အပိုင်းတစ်နဲ့တင် စာတန်းထိုးသွားခဲ့တော့ ရင်နာရသည်။

အစ်ကို့တစ်ယောက်ကိုတော့ သူ့ရဲ့ပိုင်ဆိုင်မှုလေးဖြစ်စေချင်ခဲ့တာ။

အားလုံးထက်ပိုပြီးစိတ်ပူမိတာက အစ်ကို့ကို။
မျက်စိရှေ့တင် အစ်ကိုထယ်ယောင်းအပေါ် နိုင်ထက်စီးနင်းပြုမူသွားတဲ့ ထိုလူနဲ့အစ်ကိုက ချစ်လို့ယူထားကြတာမှဟုတ်ရဲ့လား။အစ်ကို့ကို နှိပ်စက်နေလေမလားဆိုတဲ့ အတွေးက ခေါင်းထဲချာချာလည်နေသည်။

"ဟိုဝန်း...ဂျောင်ဟိုဝန်း မနက်စာလာစားလေ"

တံခါးအပြင်ဘက်မှ အစ်ကိုကြီးရဲ့အသံဟာ အနည်းငယ်ပျော့ပျောင်းနေကြောင်းကို ဟိုဝန်းသတိထားမိသည်။အစ်ကိုကြီးကိုလည်း အားနာမိပါရဲ့။

"ဟိုဝန်း..."

"ကျွန်တော်မဆာသေးဘူး အစ်ကိုကြီး...စားနှင့်နော် ကျွန်တော်ဆာမှထွက်စားလိုက်ပါ့မယ်"

နှာသံစွက်တဲ့ လူပျိုသံကြောင့် ဟိုဆော့မျက်နှာဟာ တင်းခနဲ။

ဘယ်သူ့ကိုအပြစ်မတင်ရမှန်းမသိတဲ့အခြေအနေမှာ သူ့တစ်ယောက်ကတော့ အမှားတွေလုပ်ခဲ့မိမှန်း ဝန်ခံစရာတောင်မလိုပဲ သိနိုင်ပါသည်။

သူသာ ထယ်ယောင်းကို ဟိုဝန်းနဲ့မိတ်ဆက်မပေးခဲ့ရင် ၊ ဟိုဝန်းကိုစာသင်ပေးဖို့ ထယ်ယောင်းကို မတောင်းဆိုခဲ့ရင် စတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို အပြစ်ဖို့နေမိသည်။

မနေ့ညနေကတည်းက အခန်းထဲကမထွက်တဲ့ ညီငယ်ဟာ အခုအချိန်ထိ ဘယ်လိုအနေအထားနဲ့ရှိနေတယ်ဆိုတာ သူမသိရသေး။
တစ်ဦးတည်းသော မြတ်နိုးရာလေးမလို့ ပြောမပြတတ်လောက်အောင်စိတ်ပူမိပါတယ်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Место, где живут истории. Откройте их для себя