V1 P6

238 27 0
                                    

Unicode

တကယ်လို့ ဝမ်ဖူသာ သူတို့ရဲ့စကားတွေကို ကြားခဲ့ရင် သူ့ရဲ့ရှင်သန်လိုတဲ့ဝိညာဉ်က သေချာပေါက် systemရဲ့အချိန်အခါမဟုတ် ဟာသပြောတာကို ပြတ်ပြတ်သားသားငြင်းဆိုပြီး သူ့ရဲ့ရွှေခန္ဓာကိုယ်ကို သူလုံးဝမလိုချင်ဘူးဆိုတာ ဝမ်ဖူနားလည်မှုမလွဲအောင် စကားလုံးတွေကို သေချာရွေးချယ်ပြီး သူပြောခဲ့မှာပဲ။

ရွှေသားတစ်ထောင်ကတောင် အနာဂတ်ကိုကြိုတင်သိမြင်မှုကိုမဝယ်နိုင်ဘူး။

ပိုင်လျန်ဟွာရဲ့စိတ်ပျက်နေမှုအောက်မှာ systemလည်းမှားသွားသလိုခံစားလိုက်ရတယ်။ ဒါကိုရှင်းပြရမယ်ဆိုရင် အဲ့ဒီအချိန်တုန်းက ပထမဆုံးမစ်ရှင်လည်းဖြစ်တဲ့အတွက် အတွေ့အကြုံလည်းမရှိခဲ့ဘူးလေ။ ဝမ်ဖူရဲ့ဆုံးဖြတ်ချက်တွေကလည်း ဒီလောက်ထိ သန်မာမယ်ဆိုတာ မသိခဲ့ဘူး။ ကျင့်ကြံသူရဲ့စိတ်ဝိညာဉ်ဟာ နဂိုထက် သန်မာလာတာနဲ့အမျှ ဒီလိုအခြေအနေတွေကို တိုက်ဆိုင်စွာဖြစ်ပျက်လာစေခဲ့တာပဲ။

နောက်ကမ္ဘာတွေကျရင် ဒီလိုဟာတွေကို ထပ်မဖြစ်လာစေရဘူးဆိုတာ အာမခံတယ်။

__တကယ်ကို ဒုက္ခမပေးချင်ဘူး...ဘာလို့လဲဆိုတော့ သူက သူ့ကိုယ်သူနဲ့ hostကို မတော်တဆမှုဖြစ်စေဖို့ ပြဿနာမရှာတာကြောင့်။

တကယ်လို့ hostက သူ့ကိုမယုံရင် သူ့ကိုစောင့်သာကြည့်။ အခြားကမ္ဘာတွေမှာ  သူhostကို အမှားတွေမလုပ်ခဲ့ဘူးဆိုပေမယ့် ရလဒ်ကတော့...အဟွတ် အဟွတ် ပျော်စရာတွေ ရှိနေတုန်းပဲ။

သူဒီကာရိုက်တာကို ဘယ်လိုပြန်ပြင်ရမယ်ဆိုတာ သူ့ဦးနှောက်ကို ညှစ်ဖျစ်စဉ်းစားရင်းနဲ့ သူ့ရဲ့နှလုံးသားမရှိတဲ့ systemလေးကို ဆဲဖို့ အာရုံတောင်မလာခဲ့ပါဘူး။

"ကိုယ်အိပ်မက်ကနေနိုးထလာတော့ တော်တော်လေးကို စိတ်ရှုပ်ထွေးနေခဲ့တယ်။ ကိုယ်မင်းကိုပြန်တွေ့ရတော့မယ်ဆိုတာ သိလိုက်တာကြောင့် ဒီအိပ်မက်ကို အစစ်အမှန်ဖြစ်စေချင်ခဲ့တယ်...ဒါဆို မင်းကိုယ့်ကို ဘယ်တုန်းကမှ မလိမ်ခဲ့ဘူးဆိုတာ သက်သေပြနိုင်လိမ့်မယ်။"

"ကိုယ်တွေ့ခဲ့တာကတော့ အဓိပ္ပာယ်မရှိတာတွေကိုပဲ။ ကိုယ် ကိုယ့်ဘာသာနည်းလမ်းကို ပြုလုပ်ခဲ့တယ်။ အတွေးနှစ်ခုကတော့ လုံးဝမရပ်ပဲ အမြဲတမ်းတိုက်ခိုက်နေဖို့ကိုပဲ။"

လရောင်ဖြူလေးမ‌ဖြစ်ချင်တဲ့ကြာပန်းဖြူhostကကောင်းတဲ့hostမဖြစ်နိုင်ဘူး (System)Where stories live. Discover now