"⏰"
စာအုပ်များနှင့် ရှုပ်ပွနေသော အိပ်ရာပေါ်တွင် အိပ်ပျော်နေသော ကောင်မလေး တစ်ယောက် ရုတ်ချည်းဆိုသလို ထထိုင်ကာ နာရီချိန်ကိုကြည့်လိုက်ချိန်.......
"အားးးးးး နောက်ကျနေပီ အထုပ်တွေမသိမ်းကသေးဘူး ရထားစီးသွားရမှာကို မထူးပါဘူး အမေ....... "
"ဘာလဲ နောက်ကျနေပီ မှတ်လား"
"ဟီးဟီး သမီးအထုပ်တွေကို အမြန်ပို့နဲ့ပို့ပေးပါနော် သမီး ဟိုရောက်ရင် ဖုန်းဆက်လိုက်မယ်နော် "
"မသွားခင် မနက်စာ စားသွားဦး ရထားက အကြာကြီးစီးကမှာ "
"ငါတို့အမေက အရမ်းချစ်ဖို့ကောင်းတာဘဲ အဲ့တာကြောင့် ချစ်နေရတာ"
"တော်ပါ ဟိုရောက်ရင် မကြာမကြာဖုန်းဆက်ကြားလား ဒီသမီးတစ်ယောက်လေးဘဲရှိတာ စိတ်ပူတယ်"
"ဟုတ်ကဲ့ပါ အမေ အဲ့ဆို သမီး သွားတော့မယ် အာဘွား မွ"
"ဂရုစိုက် သွားနော်"
🚈.......
သီချင်းလေး နားထောင်ရင်း စဉ်းစားမိတာက မနက်ဖြန် ပထမဆုံးကျောင်းတက်ရက်ဆိုတော့ အဆင်ပြေပါ့မလား အော်ဒါနဲ့ကိုယ့်ကိုမိတ်မဆက်ရသေးဘူးဘဲ ကျွန်မနာမည်က လီဆိုယောင်းပါ ကိုရီးယား လူမျိုးပေါ့ အသက်က ၂၁နှစ် ရှိပီ အခု ကျွန်မက တစ်ကမ္ဘာလုံးလာတက်တဲ့ uniမှာ တက်ခွင့်ရတာပါ နိုင်ငံခြားသားပေါင်းစုံနဲ့တွေ့ရမှာဆိုတော့ အဆင်ပြေပါ့မလား တွေးကြောက်နေမိတယ် အခုတော့ ဆင်းမယ့်နေရာ ရောက်ပီဆိုတော့ ဆင်းလိုက်ဦးမယ် ရုတ်တရက် .......
"အာ့ "
"Sorry ပါ နာသွားသေးလား"
"လူတစ်ယောက် ဝင်တိုက်တာ မနာဘဲ နေမလား"
"တကယ် တောင်းပန်ပါတယ် လူကလောနေတော့ မမြင်လိုက်မိတာပါ တောင်းပန်ပါတယ်နော်"
"ရပါတယ်"
"အဲ့ဆို ကိုယ့်ကို ခွင့်ပြုဦးနော်"
*နာလိုက်တာ*
ဟူး.... ကံကောင်းတာလား ကံဆိုးတာလား မသိတော့ဘူး ဒါနဲ့ မိန်းကလေးဖြစ်ပြီး အရပ်ကရှည်လိုက်တာ အားကျမိတယ်နော်
YOU ARE READING
HER(GL)