<< UNicode >>
Waiting For Love
"ဂျွန် ကျွန်တော့်ကို ရေခဲမုန့်ဝယ်ကျွေး "
"ဂျောင်၀ူးက စားချင်လို့လား? ဘယ်နှစ်ခုစားမလည်းပြောလေ"
ဂျောင်၀ူး ဆိုသောကောင်လေးက စဉ်းစားနေဟန်... ထို့နောက် ပြုံးရွှင်သော မျက်နှာလေးနှင့် လက်သုံးချောင်းထောင်ပြလာသည်။
"သုံးခု စားမယ်"
"ဟမ် ဂျောင်၀ူးကသုံးခုစားရင် ချောင်းဆိုးကုန်မှာပေါ့ အဲ့ကျ ဥက္ကဌကြီးက ငါ့ကို ဆူမှာလေ ဂျောင်၀ူးက ငါ့ကို ဆူခံစေချင်လို့လား?"
"ဟင့်အင်း ကျွန်တော် ဂျွန့်ကို အဆူမခံစေချင်ဘူး"
"အဲ့တာဆို တစ်ခုပဲစားနော် "
"အွန်း"
"ဂျောင်၀ူးကလိမ်မာလိုက်တာ ဒီမှာစောင့်နေနော် ငါသွားဝယ်လိုက်မယ် စတော်ဘယ်ရီပဲမလား?"
"ဟုတ်"
ထိုကောင်လေးနှစ်ယောက်ရဲ့ပုံရိပ်တွေကတဖြည်းဖြည်းပျောက်ကွယ်သွားသည်။
' ဂျွန် ခင်ဗျား ဘယ်မှာလည်း ကျွန်တော်ခင်ဗျားကို စောင့်နေတယ်လေ '
'ကျွန်တော် ခင်ဗျားကို စောင့်နေတာ 18နှစ်ရှိပြီ ခင်ဗျားအကြောင်းတွေစုံစမ်းခဲ့တယ် ဒါမဲ့ ဘာမှစုံစမ်းလို့မရခဲ့ဘူး ခင်ဗျား ကိုလွမ်းရတဲ့18နှစ်တာက ကျွန်တော့်အတွက်ငရဲပဲ.. ဘာလို့လဲ? ဘာလို့ ခင်ဗျားကတိကို မတည်ရတာလဲ? ဘာလို့ကျွန်တော့်ကို ထားသွားခဲ့ရတာလဲ? အဖြေမရှိတဲ့ ကျွန်တော့်ရဲ့မေးခွန်းတွေကို လာဖြေပေးပါအုံးလား ဂျွန်ရယ် '
ပတ်ခ်ဂျောင်၀ူး တစ်ယောက် ချစ်ရသူကို လွမ်းတိုင်း ဒီကစားကွင်းလေးကို လာမိသည် ။ အရင်ကတော့ ဒီကစားကွင်းလေးကသေးငယ်တဲ့ကစားကွင်းလေးသာသာ.. ခုတော့ အဆင့်မြင့် ကစားကွင်းဖြစ်နေပြီ။ ပိတ်ရက်တွေဆို လူတွေအများကြီးနဲ့စည်ကားသည်။အရင်က 14နှစ်အရွယ်ကောင်ငယ်လေးဟာ အခုချိန်မှာတော့ PJW Companyရဲ့CEO အသက်32အရွယ်ဖြစ်နေခဲ့သည်။ ကလေးငယ်တစ်ယောက်ရဲ့ပြုအမူတွေအစား ရင့်ကျက် တည်ငြိမ်ပြီး ခံ့ညား ကျော့ရှင်းတဲ့ ယောကျာ်းသား တစ်ယောက် အဖြစ်ပြောင်းလဲလာသည်။
လူတိုင်းက ရိုသေကျိုးနွံရတဲ့ဂုဏ်သရေရှိ လုပ်ငန်းရှင်တစ်ယောက် ၊အနက်ရောင်အနောက်တိုင်းဝတ်စုံကိုအမြဲ ၀တ်ဆင်တတ်ပြီး ရုပ်ဖြောင့်တဲ့သူမို့ မိန်းကလေးတွေကြား မှာလည်းရေပန်းစားသူ။စူးရှတဲ့မျက်ဝန်းတစ်စုံ ကို အကုန်လုံးကြောက်ရသည် ။တစ်ယောက်သောသူနဲ့တွေ့ရင်တော့
အပြုံးအရယ်မရှိတဲ့သူဟာ မျက်လုံးတွေပိတ်တဲ့အထိ ရယ်မိမည်ဖြစ်သည်။