မင်းသန့်ကိုကိုမောင် စေတနာထားပြီး လာပို့ပေးပေမဲ့ အအော်ခံလိုက်ရတာကြောင့် ဒေါသတို့က ထောင်းခနဲ ထွက်သွားသည်။
သားကိုက အဖြစ်သည်းလွန်းတာ။ယောက်ျားချင်းကြီးကို ရင်ခုန်ချင်စဖွယ်ဘာမှမရှိ။သူ့ဘဝမှာ သဘောကျဖူးတာဆိုလို့ မောင်တစ်ယောက်တည်းသာရှိသည်။"မင်းရဲ့ ဗလကြီးကို ငါ စိတ်မဝင်စားဘူး။ အဲ့လောက်အထိ ဖြစ်မနေနဲ့ ...ဒုန်း!!!!!"
မင်းသန့်ကိုကိုမောင် ဒေါသထွက်ထွက်နဲ့ တံခါးကို ဆောင့်ပိတ်လိုက်ပြီး အောက်ထပ်ကို ခြေသံပြင်းပြင်းနဲ့ နင်းပြီး ဆင်းသွားလိုက်၏ ။
စေတနာနဲ့ မတန်တဲ့ ကျက်သတုံး ခွေးကောင်။
ချမ်းဆောင်းဟန်မှာလဲ သူ့ကောင်လေး ကြောင့်သာ ဇောနဲ့ ပြေးလာပေမဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ခွေလဲ ကျ မတတ်ဖြစ်နေပြီး မတ်တပ်ရပ်တာ ကြာလာတာနဲ့ အမျှ ခြေထောက်က ခွေယိုင်ကျလာသည်။ထိုအခါ မင်းသခင်ခက်ထန်လည်း သတိထားမိသွားကာ ချမ်းဆောင်းဟန်ကို ပွေ့ချီလိုက်ပြီး ကုတင်ပေါ်မှာ ပြန်လှဲပေး၍ စောင်ပါ ခြုံပေးသည်။
"ကိုကို သက်သာရဲ့လား"
ချမ်းဆောင်းဟန် နာနေပေမဲ့ ခေါင်းပဲ ညိတ်ပြသည်။
ထိုအခါ မင်းသခင်ခက်ထန်က ချမ်းဆောင်းဟန်ရဲ့ ပါးလေးကို သူ့ပါးနဲ့ ထိပြီး ကိုယ်ပူ ပြန်စမ်းကာ ပြုံးလျက်....
"အစွမ်းထက်လိုက်တာ ..ကိုကို မဖျားတော့ဘူး။ နောက်လဲ ခဏ ခဏ လုပ်ကြရအောင် "
"မင်း ပြောတော့ ....ထားလိုက်ပါ။ သဘော သဘော"
"ချစ်စရာလေးကွာ"
မင်းသခင်ခက်ထန်အသည်းတယားယားဖြင့် ချမ်းဆောင်းဟန်ရဲ့ နှာခေါင်းထိပ်နဲ့ သူ့ရဲ့ နှာခေါင်းထိပ်ကို အချင်းချင်းထိလိုက်ပြီး အနည်းငယ် ပွတ်၍ စနောက်သည်။
"အိပ်ချင်နေသေးလား ကိုကို "
"ဟင့်အင်း"
"အဲ့ဒါဆို မျက်နှာသစ်ပေးမယ်"
"ကိုယ် ရေချိုးချင်တယ်"
"မချိုးနဲ့... ညက ချိုးထားသေးတဲ့ဟာကို !!!"

ESTÁS LEYENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...