Home 1
ဒိုင်း!!!!
Busanမြို့၏နေ့လည်ခင်း
သာမာန်ခြေခင်းလက်ခင်းသာသော နေ့လည်ခင်းအချိန်ဖြစ်သဖြင့် Jin၏ကော်ဖီဆိုင်ကလေးတွင် တစ်ဝိုင်းစ နှစ်ဝိုင်းစလူစုကလေးမှအပ လူသူကင်းမဲ့နေသည်။
ကောင်တာနောက်မှ ငွေသိမ်းရန်တာဝန်ယူထားသော Jinသည် စားပွဲဝိုင်းကို စိတ်မပါတပါနှင့် သန့်ရှင်းနေသော ဝန်းထမ်းများကိုကြည့်ကာ ပျင်းပျင်းရိရိဖြင့် ငိုက်မြည်းနေမိသည်။ဒိုင်း!!!!!!
အေးချမ်းလှသော နေ့လည်ခင်းကား ရုတ်တရက်ထွက်ပေါ်လာသော သေနတ်သံကြောင့် အရောင်ပြောင်းသွားလေသည်။
စားသောက်ဆိုင်တစ်ခုလုံး ထိတ်လန့်တကြား အော်ဟစ်သံတို့နှင့်အတူ အကြောက်တလန့် ပြေးလွှားသံတို့က ဆူညံနေသည်။ငွေရှင်းကောင်တာနောက်မှ ဝပ်လျက် ပုန်းနေသော Jinမှာ အခြေအနေအရပ်ရပ်ကို သိရှိပြီး ထိန်းချုပ်နိုင်စေရန် စတင်ကြိုးပမ်းရတော့သည်။
လေးဖက်ထောက်အနေအထားဖြင့် ဘေးဝဲယာသို့ အလျင်အမြန်ကြည့်ရင်း ဆိုင်တံခါးဝဆီသို့ တွားသွားလိုက်သည်။
ထိုစဉ် သူ့မြင်ကွင်းဆီသို့ အရှေ့ခပ်လှမ်းလှမ်းမှ လဲကျနေသော ခပ်သေးသေးသွယ်သွယ် ခန္တာကိုယ်လေးတစ်ခု ဝင်ရောက်လာသည်။စားသောက်ဆိုင်ဝန်ထမ်းဝတ်စုံကြောင့် သူ၏ဝန်ထမ်းတစ်ယောက်ဖြစ်နေမှန်း သေချာသွားသည့်အတွက် ထူပူလျက် ခေါင်းနပမ်းကြီးသွားပြီး ထိုလဲကျနေသောလူထံ သွားရန် ဦးတည်လိုက်သည်။
အနားနီးလာလေလေ ထင်ရှားလာလေလေဖြစ်သော ကိုယ်ခန္ဓာလေး....
အိုင်ထွန်းနေသည့် သွေးကွက်များ....."Hobi!!"
လဲကျနေသူမှာ Jin၏ဆိုင်ဝန်ထမ်းဖြစ်သည့်အပြင် ညီအရင်းသဖွယ် ခင်မင်ရသူဖြစ်သဖြင့် လေးဘက်သွားနေရာက မတ်တပ်ထရပ်လိုက်ပြီး အလျင်အမြန် ပြေးသွားလိုက်သည်။
သို့သော် လမ်းတစ်ဝက်အရောက် သန်မာသော လက်တစ်စုံ၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
"ဘေးဖယ်နေ"
လုံးဝန်းပြီး စူးရှလှသော မျက်လုံးများ၏ပိုင်ရှင်သည် Jinကို လှမ်းဆွဲကာ စိတ်ရှုပ်နေဟန်ဖြင့် တစ်ချက်သာကြည့်ပြီး သူတို့အရှေ့မှ ဖြတ်လျှောက်သွားသည့် အညိုရောင်ကုတ်အင်္ကျီနှင့် အရပ်မြင့်မြင့် ချောမောလှပသော ယောင်္ကျားပျိုအား မမှိတ်မသုန်ဖြင့် စူးစိုက်ကြည့်နေလေသည်။
ထိုသူမှာ လဲကျနေသော Hobiနားကို သတိအနေအထားဖြင့် ချဉ်းကပ်နေပြီး တကိုယ်လုံးကို ခေါင်းအစခြေအဆုံး စေ့စပ်စွာကြည့်ရှုနေလေသည်။