Part-31 ( Final)

5.8K 146 18
                                    

Unicode

Jiminကိုယ်ဝန်ဟာ အခုဆို နေ့စေ့ လစေ့ကို ရောက်လို့လာပြီဖြစ်သည်။ Yoongiမှာတော့ Jiminကိုယ်ဝန် စရှိထဲက ကုမ္ပဏီကို ကောင်းကောင်းမသွားရ အရေးကြီးလို့သွားရင်လည်း Jiminကိုပါခေါ်သွားရသည်။ အခုJiminကိုယ်ဝန်က နေ့စေ့လစေ့ အချိန်ရောက်နေ၍ Yoongiမှာအရေးကြီးလည်း ကုမ္ပဏီကို မသွားတော့ အတွင်းရေးမှူးနဲ့ပဲလွှဲထားလိုက်သည်။ Jiminမှာ ကလေးမွေးခါနီးလေ သူ့ကိုကို ကို ပိုကပ်လေ ဖြစ်သည်။ Yoongiမှာ ဘာမှ မလုပ်အား Jiminကိုပဲ ဂရုစိုက်နေရသည်။

"ကိုကို .....ဗိုက်ထဲက ထိုးနေတယ် ကလေး နေရတာ တစ်မျိုးကြီးပဲ"

"ကလေးရယ် မွေးခါနီးတော့ ဗိုက်ထဲက ကလေးက ခေါင်းလှည့်နေတာပေါ့... မွေးခါနီးရင် အဲ့လိုပဲလို့ Taeလေးလည်းပြောတာပဲ ကလေးရယ်"

"ကလေး မနေတက်ဘူး ကိုကိုရယ် ဗိုက်ထဲက အရမ်းကို ထိုးနေတာ ကိုကို ကိုင်ကြည့်"

Yoongiလက်ကို ကိုင်ပြီး သူ့ဗိုက်ပေါ်ကိုတင်ပေးလိုက်သည်။ အထဲက ကလေးကလည်း Jiminဗိုက်ကို လက်လေးတွေ ဒူးလေးတွေနဲ့ ထိုးနေ၍ Jiminဗိုက်လေးက ဟိုနေရာက ချွန်ထွက်လာလိုက်ဒီနေရာက ချွန်ထွက်လာလိုက်နဲ့ ဖြစ်နေတော့သည်။

"ကိုကိုတွေ့လား ကလေးကို အထဲကနေ ထိုးနေတာ "

"ဟုတ်ပါ့ ကြည့်ပါဦး ကိုကို တို့ကလေးလေးက အပြင်ကိုထွက်ချင်နေပြီနဲ့တူတယ်"

"Jiminရေ ငါ မင်းသောက်ဖို့ နွားနို့လာပို့တာ"

"အေး Tae လာလေ"

"ဦးငယ်ရော သောက်ဦးမလား ကျွန်တော်သွားယူပေးမယ်လေ"

"မသောက်တော့ဘူးTaeလေး ကလေးကိုပဲ တိုက်လိုက်ပါ"

"ဟုတ်ကဲ့....Jimin... မွေးဖို့ရက်က ကပ်နေပြီနော် သေချာဂရုစိုက်ဦး တစ်ခုခုဆိုလည်း ငါတို့ကို နှိိုးနော်"

"အေးပါ Taeရယ် နှိုးမှာပေါ့ ငါကမင်းကို အားနာနေတာ မင်းမှာ Taekookလေးအတွက်လည်း လုပ်ပေးရတယ် Jungkookကိုလည်း ပြုစုပေးရတယ် အခု ငါ့အတွက်ပါ မင်းလုပ်ပေးနေရတာ ငါအားနာလာပြီး"

"Jiminရယ် ဘာအားနာစရာရှိလို့လည်း မင်းနဲ့ငါနဲ့ကပြောရမဲ့လူတွေလား ငါ့တုန်းကလည်း မင်းပဲဂရုစိုက်ခဲ့တာလေ ငါအစဥ်မပြေ ဖြစ်နေတုန်းကလည်း မင်းပဲအနားမှာနေပြီးနှစ်သိမ့်ပေးခဲ့တာပဲ အခုငါမင်းကို လုပ်ပေးတာတွေကအသေးအမွှားလေးတွေပါ"

Sex PartnerWhere stories live. Discover now