💞part~15💞

192 18 3
                                    

# uni

"သားကျောင်းမသွားတာကြာနေပြီနော် စာတွေဂျီမင်းဆီကယူရတာအဆင်ပြေရဲ့လား"

ဟင်းး သူကျောင်းမသွားတာနှစ်ပတ်လောက်ရှိပြီ တစ်ယောက်သောသူနဲ့ဆုံရမှာခုထိကြောက်နေတုန်း အကြောင့်စာတွေကိုဂျီမင်းဆီကပဲယူတယ် နားမလည်ရင်လည်းသူ့ကိုပဲရှင်းပြခိုင်းတယ် အရာအားလုံးကအဆင်ပြေသလိုလိုနဲ့ အဆင်မပြေတာကျွန်တော်ဖြစ်နေတယ်

"ဟုတ် အဆင်ပြေပါတယ် အမေ"

"ဂျောင်ကုရေ ဒီနေ့သိလားကျောင်းမှာသတင်းထူးကြီးဖြစ်သွားတယ်"

ထုံးစံတိုင်းလူမမြင်ခင်အသံအရင်ကြားရပါပြီ
သူ့အကြောင်းပြောနေတုန်းရောက်လာတာအသက်ရှည်ပါအုံးမယ်

"ဘာသတင်းထူးမို့လို့လဲ အဲ့လောက်ပြာရာခက်နေရလောက်အောင်"

"ဒီလိုဟာ အဲ့တာက…"

ဂျီမင်းပြောမယ်ကြံတုန်း ဂျောင်ကုအမေကိုမြင်သွားတာကြောင့်စကားကိုဆက်စဖြတ်ကာ ဂျောင်ကုအမေကိုနုတ်ဆက်လိုက်တယ် ပြီးမှဂျောင်းကိုရဲ့ပုခုံးကိုလှန်းဖတ်ကာ အပေါ်မှာပြောမယ်ဆိုပြီး အပေါ်ထက် သူ့အခန်းထဲကိုအတင်းခေါ်သွားပါလေရဲ့ မသိရင်သူ့အခန်းကြနေတာပဲ

"ပြော ဒီလောက်ထိအလျင်လိုနေရအောင်ဘာများလဲ"

"ဒီလိုဟာ အကိုထယ်ယျောင်းလေ ဟိုတလောကပြောင်းလာတဲ့ ကောင်မလေးနဲ့တွဲနေပြီတဲ့ငါတောင်ဒီနေမှသိတာသူတို့တွဲနေတာတစ်ပတ်တောင်ရှိပြီတဲ့"

ဂျီမင်းပြောတာကိုကြားလိုက်ရတာ သူနှလုံးသားတစ်ခုလုံး စွဲလှုပ်ခံလိုက်ရသလိုဆစ်ခနဲနာကျင်မူနဲ့ မျက်လုံးမှာ မျက်‌ရည်စများခိုတွဲနေခဲ့ပြီ ဂျီမင်းကတော့သိမယ်မထင်
စကားကိုသာဆက်ပြောနေခဲ့သည်လေ

ဒါမဲ့ဘာတွေပြောနေတာလဲဆိုတာသူမသိတော့ဘူး ဘာမှမကြားရတော့သလို သူ့စိတ်ထဲမှာပူလောင်မှုသာကြီးဆိုးနေမိတယ် ဘာလိုဒီလိုတွေဖြစ်နေရတာလဲ သူထယ်ယျောင်းကိုမုန်းပစ်ချင်နေတာလေ ဒီလိုဖြစ်တော့မုန်းဖို့ပိုလွယ်တာမဟုတ်လား သူပျော်သင့်တာလေ မခံစားသင့်ဘူး ဟုတ်တယ် သူပျော်သင့်တယ်

 💞You're Mine💞Hikayelerin yaşadığı yer. Şimdi keşfedin