32. ကျွန်တော် ခွေးပေါက်ပဲ လုပ်တော့မယ်

761 91 21
                                    

Unicode ver...

32. ကျွန်တော် ခွေးပေါက်ပဲ လုပ်တော့မယ်

မျက်ဝန်းငယ္လေး အပြည့် ထွန်းအိုင်လာတဲ့ မျက်ရည်ကြည္လေးတွေရယ်။ ခပ်တိုးတိုးလေး ထွက်လာတဲ့ သြရှရှ အသံလေးရယ်ကြောင့် ကျိဝေရဲ့ တင်းနေတဲ့ လက်က အားလျော့လာပြီး ဝမ့်ရဲ့ ခြေထောက်လေးက မြေပြင်ကို တဖြေးဖြေး ထိလာပြီး ကျိဝေလွှတ်ပေးတာနဲ့ အားမရှိတဲ့ ခန္ဓာကိုယ်ငယ်လေးက ယိုင်နဲ့သွားရလေသည်။

"ငါကတော့ မင်းကို ခင်ဖို့ အကြောင်းအရာမရှိဘူး သွားတော့။ နောက်တစ်ခါလည်း ငါ့နောက်လိုက်မလာနဲ့ မဟုတ်ရင် မင်းအသေပဲ"

"ဟင့်အင်း မဟုတ်သေးဘူးလေ ကျိဝေကောကလည်း ကျွန်တော်က ခင်ချင်လို့ကို~~~"

သူဟောက်ထည့်လိုက်တာ​တောင် တယီးတယိုင် ထရပ်ပြီး မျက်နှာငယ်လေးနဲ့ ထိုသို့ဆိုပြီး ခေါင်းငုံ့သွားတဲ့ အကောင်ပေါက်လေးကြောင့် ကျိဝေရင်ထဲ နွေးခနဲ ဖြစ်သွားရလေသည်။

ကျိဝေကောတဲ့။

မကောင်းဆိုးဝါးဘုရင်ကြီးရဲ့ သားတော် ဆိုတဲ့ ဖခင်ဖြစ်သူရဲ့ အရှိန်အဝါကြောင့် သူငယ်ချင်းဆိုတဲ့ အမည်နာမအောက်မှာ သူ့အတွက် ဘယ်သူမှ ရှိမနေဖူးခဲ့ပေ။ ခုတော့ ဒီအကောင်ပေါက်လေးက ခင်ချင်လို့ပါတဲ့လေ။

"ဟိုလေ ကျိဝေကောလို့ ဆိုလိုက်တာကလေ ဘယ် ဘယ်လိုပဲ ပြောပြော ကျွန်တော်က အခုမှ 20ကျော်ကျော်ပဲ ဆိုတော့ ကျိဝေကောထက် ငယ်နေမယ်ထင်လို့ပါ။ မ မဟုတ်ဘူးဆိုရင် တောင်းပန်ပါတယ် ကောရယ်နော် အဟီး"

"အင်း ငါက ၂၈ရှိပြီ"

"ဝါး တကယ်!

"ဘာဖြစ်လို့လဲ~~~"

တအံ့တသြလေး လုပ်ပြလာတဲ့ ဝမ်ကြောင့် ကျိဝေက မျက်မှောင်ကျုံ့ပြီး မေးလေတော့ ဝမ်က ဟီးခနဲ ရယ်ပြလိုက်ပြီး~~~

"ကောကို ကြည့်ရတာ အလွန်ဆုံးမှာ ၂၃ ၂၄လောက်ပဲလာလို့ ဟီး"

သူ့ကို ဟီးပဲ ဟီးပြနေတဲ့ ကောင်လေးကြောင့် ကျိဝေခေါင်းခါပြီး ထွက်သွားမယ်လုပ်တော့ ဝမ်က သူ့ရှေ့အပြေးလေးပိတ်ရပ်ပြီး~~~

"ခင်မယ်လေနော် ကောလို့"

"ငါက မခင်ချင်ဘူး ပြောနေတာလေ မင်း~~~"

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now