Suki da ( U )

1.7K 146 25
                                    

မိုးရာသီမို့ အပြင်ဘက်မှာ အုံ့မှိုင်းနေပြီး ‌
ချမ်းစိမ့်စိမ့်လေက ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ ဝင်လာတော့ ‌စာသင်ခုံပေါ် ခေါင်းစောင်းတင်ပြီး အိပ်နေတဲ့ ဂျယ်ယွန်း တုန်သွားတယ်။ ဘေးကသူငယ်ချင်းကလည်း အလိုက်မသိ ‌ဘောပင်နဲ့ ခုံကို တတောက်တောက်ခေါက်နေသေးတယ်။ အကုန်လုံးက စိတ်ရှုပ်စရာပါပဲ။

ပုံမုန်ဆို မျက်နှာချိုပြီး စိတ်ကောင်းလွန်းတဲ့
ရှင်းဂျယ်ယွန်းက အခုတော့ အတန်းထဲက စကားများနေတဲ့လူတွေရဲ့ပါးစပ်ထဲ စက္ကူတွေလိုက်ထည့်ချင်တဲ့စိတ်ပေါက်နေတယ်။
အိပ်ရေးမဝရင် မြင်ရကြားရသမျှ အကုန်ကန့်လန့်တွေချည်းပဲ

အကြောင်းရင်းကတော့ ညကဂိမ်းအဆော့လွန်ပြီး သူအိပ်ရေးမဝပဲ ပင်ပန်းသလိုဖြစ်နေတာ။
အိမ်က မာမားပြောသလို ဂိမ်းကိုက်တာပေါ့

ဝိုးးးးးးး

ဘေးနားက အတန်းဖော်ကောင်လေးတစ်ချို့ရဲ့ စနောက်သလို အသံရှည်ကြီးအဆုံးမှာ
ဂျယ်ယွန်းက လက်တစ်ဖက်နဲ့ သူ့နားကို အုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က မျက်စိရှေ့ရှိတဲ့ စာအုပ်တစ်အုပ်ကိုဆွဲယူကာ သူမျက်နှာကို ဘယ်သူမှ မမြင်အောင်အုပ်ထားလိုက်တယ်။ ရှက်လိုက်တာ ဆိုတာလေ

အတန်းရှေ့က လူဝင်ပေါက်မှာ နှင်းဆီပန်းအဖြူရောင်တစ်ပွင့် ကိုင်ထားပြီး ရူတည်တည်နဲ့ မတ်တပ်ရပ်နေတဲ့ ကလေးတစ်ယောက်ရှိတယ်။ မျက်ဝန်းမှေးမှေးလေးတွေနဲ့ ထိုကလေးက ဘယ်သူ့ကိုမှ လူမထင်တဲ့ပုံစံနဲ့ မတ်တပ်ရပ်နေပြီး ဂျယ်ယွန်းတစ်ယောက်တည်းကိုသာ စူးစိုက်ကြည့်နေတယ်။

" ဂျယ်ယွန်း ဟိုမှာ မင်းကလေးလာပြီ"

" ချီးကို ငါ့ကလေးလား!"

ဘေးနားက သူ့မျက်နှာကို အတင်းလိုက်ငုံ့ကြည့်ရင်း သေချာစနေတဲ့ ဂျေးကို တံတောင်နဲ့တွတ်လိုက်ပြီး မသိချင်ယောင် ဟန်ဆောင်နေလိုက်တယ်။ ကျောင်းခေါင်းလောင်းသံ မြည်လာဖို့ကိုလည်း ဆုတောင်းရင်းပေါ့။

မူလတန်း ကလေးလေး တစ်ယောက်က
အလယ်တန်း‌တတိယနှစ်ဂျယ်ယွန်းကို လာပြီး ပရော်ပရည်လုပ်နေတာ တစ်ပတ်လောက်ရှိပြီ။ လက်တောက်လောက်လေးဆိုပြီး ပေါ့ဆဆသွားပြီး မဆက်ဆံရဲပါ။

Suki da Where stories live. Discover now