<< UNicode >>
Waiting For Love~
လွန်ခဲ့သော 18နှစ်~~
'ကျွန်တော် ပတ်ခ်ဂျောင်၀ူးသည် ဒီနေ့ ဂျွန့်ကိုဖွင့်ပြောမည်'
ဂျွန့်ကိုလွန်ခဲ့သော 4နှစ်ကစသိခဲ့သည်။ အဲ့တုန်းက ဂျွန်က အသက်15နှစ် ၊ ကျွန်တော့်အသက် 11နှစ်ပေါ့ ။ ကျန်းမာရေးချူချာသော ဂျောင်၀ူးအမေဟာ ဒုတိယကလေး(ပတ်ခ်ဂျီဆောင်း)ကိုရခဲ့ပြီး မွေးပြီးချင်းမှာပင် ကျန်းမာရေးဟာ သိသိသာသာ ပိုမိုဆိုးဝါးလာကာ ဆေးကုသမှုခံ ယူနေရတာကြောင့် သူနှင့်သူ့ညီလေးအားစောင့်ရှောက်နိုင်ခြင်းမရှိခဲ့။အဲ့တာကြောင့် အဖိုးဖြစ်သူဟာ ဂျောင်၀ူးအတွက် အဖော်လုပ်ကစားဖို့
နှင့် စောင့်ရှောက်ဖို့ကလေးထိန်းကျောင်းရေးcenterက ဂျွန့်ကိုငှားရမ်းခဲ့သည်။ အဖိုးအသိပေးတုန်းကဂျောင်၀ူးစိတ်ရှုပ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အရမ်းခင်မင်ခဲ့သည်။ဂျွန် ဟာသူ့ကိုလေးနှစ်လုံးလုံးဂရုစိုက်နွေးထွေးမှုတွေပေးနိုင်ဆုံးလူသားဖြစ်ခဲ့သည်လေ။အဲ့အချိန်ကစပြီး ဂျောင်၀ူးဟာ ဂျွန့်ကို ခင်တွယ်လာသည် ။
'ဂျွန့်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို သဘောကျတယ်
ဂျွန့်ရဲ့ နှာတံလုံးလုံးလေး
ဂျွန့်ရဲ့ ပါးမို့မို့လေး
သဘောကျဆုံးကတော့ ဂျွန့်ရဲ့ ပါးချိုင့်လေး '
"ဂျောင်၀ူးရေ ငါလာပြီ"
ပါးချိုင့်တွေနစ်ဝင်အောင် ပြုံးပြီး လက်ရမ်းပြကာ အော်ပြောနေသော ဂျွန့်အား စိုက်ကြည့်နေမိသည်။အနားရောက်လာသည့်တိုင် ဂျောင်၀ူးက စိုက်ကြည့်နေဆဲမို့
"ဂျောင်၀ူး ငါ့မျက်နှာ မှာ တစ်ခုခုပေနေလို့လား?"
"ကျနော် ဂျွန့်ကိုချစ်တယ်"
သူမေးတာကိုမဖြေပဲ ချစ်တယ်ဆိုတာ ပြောလိုက်တော့ စွံ့အသွားတဲ့ဂျွန့်ပုံစံ
ထို့နောက် ....
"ငါလည်း ဂျောင်၀ူးကိုချစ်တယ် ဂျောင်၀ူးကငါ့ရဲ့ညီလေးပဲလေ"
ပြုံးရွှင်နေသော ဂျောင်၀ူး ရဲ့မျက်နှာဟာ နောက်ကစကားကြောင့် ညှိုးကျသွားသည် ။သူ ဂျွန့်ကို ချစ်တာအဲ့လို အချစ်မျိုးမဟုတ်ဘူး ။